မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ—ကျမ်းစာကို စူးစမ်းလေ့လာခြင်း

ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ—ကျမ်းစာကို စူးစမ်းလေ့လာခြင်း

 “ကျမ်းစာကို ကြိုးစားပြီး ဖတ်ကြည့်တယ်။ ဒါပေမဲ့ တော်တော်နဲ့ ဖတ်မပြီးလို့ လန့်သွားတယ်။”​—ဗရီရာနာ၊ ၁၅ နှစ်။

 သင်ကော အဲဒီလို ခံစားရသလား။ ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။

 ဘာကြောင့် ကျမ်းစာ ဖတ်ရမလဲ

 ကျမ်းစာ ဖတ်ပါလို့ ပြောရင် ပျင်းစရာကောင်းလိုက်တာဆိုတဲ့ အတွေး ဝင်လာသလား။ ဒါကို နားလည်ပေးနိုင်ပါတယ်။ စာအုပ်က အထူကြီး၊ စာလုံးတွေက သေးသေးလေး၊ ဘာရုပ်ပုံမှလည်း မပါဘူး။ တီဗီ၊ ဗီဒီယိုတို့လို စိတ်ဝင်စားစရာ မကောင်းဘူးလို့ စဉ်းစားမိမှာပဲ။

 ဒီလိုစဉ်းစားကြည့်ပါ– ရှေးဟောင်း ရတနာသေတ္တာကြီးတစ်လုံး တွေ့တယ် ဆိုပါစို့။ အထဲမှာ ဘာများရှိမလဲ သိချင်တယ် မဟုတ်လား။

 ကျမ်းစာဟာ အဲဒီရတနာသေတ္တာနဲ့ တူတယ်။ ရတနာလို အဖိုးတန်တဲ့ ပညာရှိစကားတွေ အများကြီး ပါတယ်။ အဲဒီပညာရှိစကားတွေက

  •   ဆုံးဖြတ်ချက်ကောင်း ချနိုင်အောင်

  •   မိဘနဲ့ အဆင်ပြေအောင်

  •   သူငယ်ချင်းကောင်း ရနိုင်အောင်

  •   စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကူညီပေးတယ်။

 ရှေးကျတဲ့စာအုပ်က ဘယ်လို လုပ်ပြီး ခုချိန်ထိ လက်တွေ့ကျဆဲလဲ။ ‘ကျမ်းစောင်အားလုံးကို ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထား’ လို့ပါပဲ။ (၂ တိမောသေ ၃:၁၆) ကျမ်းစာမှာပါတဲ့ အကြံပြုချက်တွေက အကောင်းဆုံး အကြံပေးရှင်ဆီက လာတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်တယ်။

ကျမ်းစာဟာ အဖိုးတန် ပညာရှိစကားတွေ ပါတဲ့ ရတနာသေတ္တာနဲ့ တူ

 ကျမ်းစာကို ဘယ်လို ဖတ်ရမလဲ

 တစ်နည်းကတော့ ကျမ်းစာကို အစကနေ အဆုံးထိ ဖတ်ပါ။ ဒါဆိုရင် ကျမ်းစာရဲ့ အဓိကသတင်းစကားကို ခြုံငုံသဘောပေါက်သွားမယ်။ ကျမ်းစာဖတ်နည်း အမျိုးမျိုးရှိတဲ့ထဲက နှစ်နည်းကို ကြည့်ရအောင်–

  •    ကျမ်းစောင် ၆၆ စောင်ကို ကမ္ဘာဦးကနေ ဗျာဒိတ်အထိ အစဉ်လိုက် ဖတ်နိုင်တယ်။

  •    ကျမ်းစာဖြစ်ရပ်တွေ ဖြစ်ပျက်ခဲ့တဲ့ နှစ်ကာလအလိုက် စဉ်ထားပြီး ဖတ်နိုင်တယ်။

     အကြံပြုချက်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းရဲ့ နောက်ဆက်တွဲ က၇ မှာ ယေရှုရဲ့ မြေကြီးအသက်တာ အဓိကဖြစ်ရပ်တွေကို အစဉ်လိုက်ပြထားတယ်။

 ဒုတိယနည်းကတော့ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ဆက်စပ်မှုရှိတဲ့ ကျမ်းစာမှတ်တမ်းကို ရွေးဖတ်ပါ။ ဥပမာ–

 တတိယနည်းကတော့ ကျမ်းစာမှတ်တမ်းတစ်ခု ဒါမှမဟုတ် ဆာလံတစ်ခန်းကို ဖတ်ပါ။ ပြီးရင် ကိုယ်နဲ့ ဘယ်လို သက်ဆိုင်သလဲ စဉ်းစားပါ။ ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ–

  •    ယေဟောဝါက ဒီအချက်ကို ကျမ်းစာထဲ ဘာကြောင့် ထည့်ရေးခိုင်းသလဲ။

  •    ဒါက ယေဟောဝါရဲ့ ဂုဏ်ရည်တော်အကြောင်း၊ လုပ်ဆောင်ပုံနည်းလမ်းအကြောင်း ဘာကို ဖော်ပြသလဲ။

  •    ဒီအချက်ကို ဘဝမှာ ဘယ်လို ကျင့်သုံးနိုင်သလဲ။

     အကြံပြုချက်။ ပန်းတိုင်ချပါ။ ကျမ်းစာ စဖတ်ဖို့ စီစဉ်ထားတဲ့ ရက်စွဲကို ချရေးပါ။