မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

မှတ်သားထားရာများ (Bookmarks) အသုံးပြုနည်း—Android

မှတ်သားထားရာများ (Bookmarks) အသုံးပြုနည်း—Android

JW Library မှာပါတဲ့ မှတ်သားထားရာများ (bookmarks) က ဘယ်စာပေမှာမဆို သင် သိမ်းဆည်းလိုတဲ့ နေရာကို မှတ်ထားပေးပါတယ်။ စာအုပ်ရဲ့ကြားမှာ ကြားညှပ်ကတ် ဒါမှမဟုတ် ဖဲကြိုးထားပြီး မှတ်သားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ JW Library မှာပါတဲ့ စာပေတစ်ခုစီမှာ အမှတ်အသား (bookmark) ၁၀ မျိုး ရှိတယ်။

မှတ်သားထားရာများ (bookmarks) အသုံးပြုနည်း–

 အမှတ်အသား (Bookmark) အသစ်တစ်ခု လုပ်ပါ

ဆောင်းပါးတစ်ခု ဒါမှမဟုတ် အခန်းတစ်ခန်းကို အမှတ်အသား (bookmark) လုပ်နိုင်သလို အပိုဒ်တစ်ပိုဒ် ဒါမှမဟုတ် ကျမ်းချက်တစ်ချက်ကိုလည်း အမှတ်အသား (bookmark) လုပ်နိုင်တယ်။

ဆောင်းပါးတစ်ခု ဒါမှမဟုတ် အခန်းတစ်ခန်းကို အမှတ်အသားလုပ်ဖို့ အမှတ်အသား (Bookmark) ခလုတ်ကို နှိပ်ပါ။ လောလောဆယ်ဖွင့်ထားတဲ့ စာပေမှာ အမှတ်အသား (bookmark) လုပ်နိုင်တဲ့စာရင်း တွေ့ရပါလိမ့်မယ်။ ဆောင်းပါး ဒါမှမဟုတ် အခန်းကို အမှတ်အသား (bookmark) လုပ်ဖို့ တစ်ခုကို နှိပ်ပါ။

အပိုဒ်တစ်ပိုဒ် ဒါမှမဟုတ် ကျမ်းချက်တစ်ချက်ကို အမှတ်အသား (bookmark) လုပ်ဖို့ အရင်ဆုံး စာသားကို နှိပ်ပါ၊ menu အကွက်က အမှတ်အသား (Bookmark) ကိုနှိပ်ပါ။

 အမှတ်အသား (Bookmark) လုပ်ထားတဲ့နေရာကို သွားပါ

အမှတ်အသား လုပ်ထားတဲ့ နေရာကိုသွားဖို့ အမှတ်အသား (bookmark) လုပ်ထားတဲ့ စာပေကိုဖွင့်ပြီး အမှတ်အသား (Bookmark) ခလုတ်ကိုနှိပ်ပါ။ ကြည့်ချင်တဲ့ အမှတ်အသား (bookmark) ကို နှိပ်ပါ။

 အမှတ်အသား (Bookmark) လုပ်ထားတာတွေကို ချိန်ညှိပါ

အမှတ်အသား (bookmark) လုပ်ထားတာကို ဖျက်နိုင်၊ ပြောင်းနိုင်တယ်။

အမှတ်အသား လုပ်ထားတာကို ဖျက်ဖို့ အမှတ်အသား (Bookmark) ခလုတ်ကိုနှိပ်ပါ။ ဖျက်ချင်တဲ့ အမှတ်အသား (bookmark) အကွက်ထဲက More ခလုတ်ကိုနှိပ်ပါ။ ဖျက်ပါ ခလုတ်ကိုနှိပ်ပါ။

အမှတ်အသားတစ်ခု ပြောင်းဖို့ အမှတ်အသား (Bookmark) ခလုတ်ကို နှိပ်ပါ။ ပြောင်းချင်တဲ့ အမှတ်အသား (bookmark) အကွက်ထဲက More ခလုတ်ကိုနှိပ်ပါ။ အစားထိုး ခလုတ်ကိုနှိပ်ပါ။ အမှတ်အသားအသစ် ဖြစ်သွားပါလိမ့်မယ်။ သင်ဖတ်နေတဲ့ စာပေမှာ ဖတ်လက်စနေရာကို အဲဒီလိုအမှတ်အသားလုပ်ပြီး သိမ်းထားနိုင်ပါတယ်။ ဥပမာ၊ နေ့တိုင်း ကျမ်းစာဖတ်တဲ့အခါ နောက်ဆုံးဖတ်ခဲ့တဲ့ နေရာကို အလွယ်တကူ ရှာတွေ့နိုင်မှာဖြစ်ပါတယ်။

အဲဒီအသွင်အပြင်တွေပါတဲ့ JW Library 1.2 ကို ၂၀၁၄၊ မေလမှာ တင်ထားပြီးဖြစ်ပါတယ်။ Android 2.3 နဲ့ အဲဒီနောက်ပိုင်း အသစ်ထုတ်တဲ့ ဖုန်း၊ တက်ဘလက်တွေမှာ အသုံးပြုနိုင်ပါတယ်။ အဲဒီအသွင်အပြင်တွေကို မရဘူးဆိုရင် “JW Library ကို စတင်အသုံးပြုခြင်း—Android” ဆောင်းပါးထဲက “နောက်ဆုံးထုတ် အသွင်အပြင်များ ရယူပါ” ခေါင်းစဉ်ငယ်အောက်မှာပါတဲ့ ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ပါ။