မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

ကျမ်းစာတွေကို ကူးယူ၊ စီစဉ်နိုင်ရာများ—Android

ကျမ်းစာတွေကို ကူးယူ၊ စီစဉ်နိုင်ရာများ—Android

JW Library ကို သမ္မာကျမ်းစာဖတ်ရှုဖို့နဲ့ လေ့လာဖို့ အထူးပြင်ဆင်ပေးထားတာ ဖြစ်တယ်။

ကျမ်းစာတွေကို ကူးယူ၊ စီစဉ်ရာမှာ အောက်ပါ လမ်းညွှန်ချက်တွေအတိုင်း လုပ်ဆောင်ပါ–

 ကျမ်းစာတစ်ခုကို ကူးယူပါ

အင်တာနက် မဖွင့်ထားဘဲ ဖတ်ရှုလေ့လာနိုင်ဖို့ ဘာသာပြန်ကျမ်းတွေကို ကူးယူထားနိုင်ပါတယ်။

  • ကျမ်းစာ စာရင်းကို ကြည့်ချင်ရင် navigation drawer ကိုဖွင့်ပြီး ကျမ်းစာ ဆိုတဲ့နေရာကို နှိပ်ပါ။

  • တခြားဘာသာစကားတွေနဲ့ တင်ထားတဲ့ ကျမ်းစာတွေကို ကြည့်ချင်ရင် ဘာသာစကား ခလုတ်ကို နှိပ်ပါ။ သင် အသုံးများတဲ့ ဘာသာစကားနဲ့ ကျမ်းစာတွေကို စာရင်းရဲ့ အပေါ်ဆုံးမှာ တွေ့ရပါလိမ့်မယ်။ ဘာသာစကား ဒါမှမဟုတ် ဘာသာပြန်ကျမ်းနာမည်ကို ရိုက်ထည့်ပြီးလည်း ရှာနိုင်ပါတယ်။ ဥပမာ၊ အင်္ဂလိပ်လို နိုင်ငံတော်ကြားညှပ်ဘာသာပြန်ကျမ်း (Kingdom Interlinear) ကိုရှာချင်ရင် “int” ဆိုပြီး ရိုက်ပါ ဒါမှမဟုတ် ပေါ်တူဂီ ဘာသာစကားနဲ့ ကျမ်းစာအားလုံးကို ရှာချင်ရင် “port” ဆိုပြီး ရိုက်ထည့်ပါ။

  • သင် မကူးယူထားတဲ့ ကျမ်းစာတွေကို တိမ်ပုံ အမှတ်အသားနဲ့ ဖော်ပြထားပါတယ်။ ကူးယူချင်တယ်ဆိုရင် အဲဒီကျမ်းစာကို နှိပ်ပါ။ ကျမ်းစာကို သင့်ရဲ့ဖုန်း၊ တက်ဘလက်ထဲ ကူးယူပြီးသွားပြီဆိုရင် တိမ်ပုံ အမှတ်အသား ပျောက်သွားပါလိမ့်မယ်။ ကူးယူထားတဲ့ ကျမ်းစာကို ဖတ်ချင်တယ်ဆိုရင် အဲဒီကျမ်းစာကို ထပ်နှိပ်ပါ။

သင်လိုချင်တဲ့ ဘာသာပြန်ကျမ်းကို မတွေ့ဘူးဆိုရင် နောက်မှ ပြန်ရှာကြည့်ပါ။ နောက်ထပ်ဘာသာပြန်ကျမ်းတွေ ရပြီဆိုတာနဲ့ ထည့်ပေးမှာဖြစ်တယ်။

 ကျမ်းစာတစ်ခုကို ဖျက်ပစ်ပါ

သိမ်းဆည်းထားတာတွေများနေလို့ နေရာလွတ်ချင်တဲ့အခါ၊ အသုံးပြုစရာမလိုတော့တဲ့အခါ ဘာသာပြန်ကျမ်းကို ဖျက်ပစ်နိုင်ပါတယ်။

ကျမ်းစာ ဆိုတဲ့နေရာကို နှိပ်ပါ။ ဘာသာစကား ခလုတ်ကို နှိပ်ပြီး ကျမ်းစာ စာရင်းကိုဖွင့်ပါ။ ဖျက်ပစ်လိုတဲ့ ကျမ်းစာ အကွက်ထဲက More ခလုတ်ကိုနှိပ်ပြီး ဖျက်ပါ ခလုတ်နှိပ်ပါ။

 Update လုပ်ထားတဲ့ ကျမ်းစာကို ရယူပါ

သင်ကူးယူထားတဲ့ ကျမ်းစာကို မကြာမကြာ update လုပ်ဖို့ လိုပါလိမ့်မယ်။

Update လုပ်ဖို့ လိုတယ်ဆိုတာကို refresh icon အမှတ်အသားနဲ့ ဖော်ပြပေးပါတယ်။ Update လုပ်ဖို့လိုတယ်ဆိုရင် ကျမ်းစာ ဆိုတဲ့နေရာကို သင် နှိပ်လိုက်တဲ့အခါ မက်ဆေ့ချ် တွေ့ရပါလိမ့်မယ်။ အခု update လုပ်ချင်တယ်ဆိုရင် ကူးယူပါ ကိုနှိပ်ပါ၊ မကူးယူချင်သေးဘူးဆိုရင် နောက်မှ ကိုနှိပ်ပါ။

အဲဒီအသွင်အပြင်တွေပါတဲ့ JW Library 1.4 ကို ၂၀၁၅၊ ဖေဖော်ဝါရီလမှာ တင်ထားပြီးဖြစ်ပါတယ်။ Android 2.3 နဲ့ အဲဒီနောက်ပိုင်း အသစ်ထုတ်တဲ့ ဖုန်း၊ တက်ဘလက်တွေမှာ အသုံးပြုနိုင်ပါတယ်။ အဲဒီအသွင်အပြင်တွေကို မရဘူးဆိုရင် “JW Library ကို စတင်အသုံးပြုခြင်း—Android” ဆောင်းပါးထဲက “နောက်ဆုံးထုတ် အသွင်အပြင်များ ရယူပါ” ခေါင်းစဉ်ငယ်အောက်မှာပါတဲ့ ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ပါ။