မာတိကာဆီ ကျော်သွား

ကောင်းကင်ဆိုတာ ဘာလဲ

ကောင်းကင်ဆိုတာ ဘာလဲ

သမ္မာကျမ်းစာ ဖြေဆိုရာ

 ကျမ်းစာမှာပါတဲ့ “ကောင်းကင်” ဆိုတဲ့ စကားလုံးဟာ (၁) ပကတိမိုးကောင်းကင် (၂) ဝိညာဉ်ပုဂ္ဂိုလ်တွေရှိတဲ့ နေရာ “ကောင်းကင်ဘုံ” (၃) မြင့်မားတဲ့၊ ချီးမြှောက်ခံရတဲ့ အနေအထားကို တင်စားဖော်ပြခြင်းဆိုပြီး အခြေခံအားဖြင့် အဓိပ္ပာယ်သုံးမျိုး ရှိတယ်။ စကားစပ်ပေါ်မူတည်ပြီး အဓိပ္ပာယ်တစ်မျိုးစီကို ခွဲခြားသိနိုင်တယ်။ a

  1.  ၁။ ပကတိမိုးကောင်းကင်။ ဒီအဓိပ္ပာယ်အရ “ကောင်းကင်” ဆိုတာ ကမ္ဘာ့လေထုကို ဆိုလိုတယ်။ လေထုပျံ့နှံရောက်ရှိနေတဲ့ နေရာ၊ ကျေးငှက်တွေ ပျံသန်းပြီး မြူခိုးမိုးပွင့်တို့ ဖြစ်တည်တဲ့နေရာ၊ လျှပ်စီးလက်တဲ့နေရာဖြစ်တယ်။ (ဆာလံ ၇၈:၂၆; သုတ္တံ ၃၀:၁၉; ဟေရှာယ ၅၅:၁၀; လုကာ ၁၇:၂၄) ကမ္ဘာ့လေထုရဲ့ အပြင်ဘက် နေ၊ လ၊ ကြယ်တို့တည်ရှိတဲ့နေရာကိုလည်း ရည်ညွှန်းပါတယ်။​—တရားဟောရာ ၄:​၁၉; ကမ္ဘာဦး ၁:၁

  2.  ၂။ ဝိညာဉ်ပုဂ္ဂိုလ်တွေရှိတဲ့ နေရာ “ကောင်းကင်ဘုံ”။ လူသားတွေထက် အဆင့်မြင့်ပြီး စကြာဝဠာရဲ့ပြင်ပမှာရှိတဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေ တည်ရှိရာနေရာကို ရည်ညွှန်းတဲ့အခါမှာလည်း “ကောင်းကင်” ဆိုတဲ့စကားလုံးကို သုံးနှုန်းပါတယ်။ (၃ ဓမ္မရာဇဝင် ၈:​၂၇; ယောဟန် ၆:​၃၈) “ဝိညာဉ်ပုဂ္ဂိုလ်” ဖြစ်တဲ့ ယေဟောဝါဘုရားရော ကိုယ်တော်ဖန်ဆင်းခဲ့တဲ့ ကောင်းကင်တမန်တွေပါ အဲဒီနေရာမှာ ရှိပါတယ်။ (ယောဟန် ၄:​၂၄; မဿဲ ၂၄:၃၆) တစ်ခါတလေ ‘စည်းဝေးနေတဲ့ သန့်ရှင်းသူတွေ’ ဆိုပြီး သစ္စာရှိ ကောင်းကင်တမန်တွေကို တင်စားဖော်ပြတဲ့အခါမှာလည်း “ကောင်းကင်” ဆိုတဲ့ စကားလုံးကို သုံးနှုန်းတယ်။​—ဆာလံ ၈၉:​၅-၇

     ယေဟောဝါဘုရားကိုယ်တိုင် စံမြန်းတဲ့နေရာကို တိတိကျကျဖော်ပြတဲ့အခါမှာလည်း “ကောင်းကင်” ဆိုပြီး ကျမ်းစာထဲမှာ သုံးနှုန်းပါတယ်။ (၃ ဓမ္မရာဇဝင် ၈:၄၃၊ ၄၉; ဟေဗြဲ ၉:၂၄; ဗျာဒိတ် ၁၃:၆) ဥပမာ၊ စာတန်နဲ့ နတ်ဆိုးတွေ ကောင်းကင်ကနေ နှင်ချခံရပြီး ယေဟောဝါဘုရားရဲ့ ရှေ့မှောက်ကို ဝင်ရောက်ခွင့်မရှိတော့မယ့်အကြောင်း ကျမ်းစာမှာ ကြိုဟောထားတယ်။ ဒါပေမဲ့ သူတို့ဟာ ဝိညာဉ်ပုဂ္ဂိုလ်တွေ ဖြစ်နေဆဲပါပဲ။​—ဗျာဒိတ် ၁၂:​၇-၉၊ ၁၂

  3.  ၃။ မြင့်မားတဲ့၊ ချီးမြှောက်ခံရတဲ့ အနေအထားကို တင်စားဖော်ပြခြင်း။ ကျမ်းစာထဲမှာ မြင့်မားတဲ့အနေအထားကို တင်စားတဲ့အခါ အထူးသဖြင့် အုပ်ချုပ်ရေးအခွင့်အာဏာနဲ့ ပတ်သက်ပြီး ဖော်ပြတဲ့အခါ “ကောင်းကင်” ဆိုတဲ့ စကားလုံးကို သုံးလေ့ရှိတယ်။ အဲဒီလိုအခွင့်အရာမျိုးကို ရရှိတာက

ကောင်းကင်ဟာ ဘာနဲ့တူသလဲ

 ဝိညာဉ်ပုဂ္ဂိုလ်တွေရှိရာ ကောင်းကင်ဟာ လုပ်ရှားဆောင်ရွက်မှုတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ “[ယေဟောဝါရဲ့] အမိန့်တော်အတိုင်း ဆောင်ရွက်” နေကြတဲ့ သိန်းသန်းမက များပြားတဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေ အဲဒီမှာ ရှိနေတယ်။​— ဆာလံ ၁၀၃:၂၀၊ ၂၁; ဒံယေလ ၇:၁၀

 ကောင်းကင်ဟာ အလွန်လင်းထိန်တောက်ပနေတယ်လို့ ကျမ်းစာထဲမှာ ဖော်ပြတယ်။ (၁ တိမောသေ ၆:၁၅၊ ၁၆) ပရောဖက်ယေဇကျေလက “ထွန်းတောက်သောအရောင်” ရှိတဲ့ ကောင်းကင်စိတ်အာရုံတစ်ခုကို ရရှိခဲ့တယ်။ ဒံယေလကျတော့ “မီးရောင်ခြည်” တွေပါတဲ့ ကောင်းကင်စိတ်အာရုံတစ်ခုကို မြင်ခဲ့ရတယ်။ (ယေဇကျေလ ၁:၂၆-၂၈; ဒံယေလ ၇:၉၊ ၁၀) ကောင်းကင်ဟာ သန့်ရှင်းပြီး ဂုဏ်ကျက်သရေရှိတဲ့နေရာဖြစ်တယ်။​—ဆာလံ ၉၆:၆; ဟေရှာယ ၆၃:၁၅; ဗျာဒိတ် ၄:၂၊ ၃

 ကောင်းကင်နဲ့ပတ်သက်ပြီး ကျမ်းစာက ခြုံငုံဖော်ပြတာကတော့ ရင်သပ်ရှုမောဖွယ်ကောင်းတယ်ဆိုတဲ့ အချက်ပဲ။ (ယေဇကျေလ ၄၃:၂၊ ၃) ဒါပေမဲ့ လူသားတွေအနေနဲ့ ကောင်းကင်အကြောင်း အပြည့်အဝ နားလည်ဖို့ မဖြစ်နိုင်ဘူး။ ဝိညာဉ်ပုဂ္ဂိုဟ်တွေရှိတဲ့နေရာဟာ ကျွန်တော်တို့ဉာဏ်နဲ့ မမှီနိုင်တဲ့အကြောင်းအရာဖြစ်လို့ပဲ။

a “ကောင်းကင်” ဆိုပြီး ဘာသာပြန်ထားတဲ့ မူရင်းဟီဘရူးစကားလုံးက “မြင့်မားသော” “မြင့်မြတ်သော” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ (သုတ္တံ ၂၅:၃) The New Brown, Driver, and Briggs Hebrew and English Lexicon of the Old Testament, စာအုပ် စာမျက်နှာ  ၁၀၂၉ ကိုကြည့်ပါ။

b ဟေရှာယ ၆၅:၁၇ မှာပါတဲ့ “ကောင်းကင်သစ်” ဆိုတာ “အုပ်ချုပ်မှုအသစ်၊ နိုင်ငံအသစ်” ကိုရည်ညွှန်းတယ်လို့ စွယ်စုံကျမ်းမှာ ဖော်ပြထားတယ်။​—McClintock and Strong’s Cyclopedia အတွဲ IV စာမျက်နှာ ၁၂၂။