ဧဖက် ၆:၁-၂၄

  • သား​သမီး​အတွက်၊ မိ​ဘ​အတွက် အကြံ​ပြု​ချက် (၁-၄)

  • အစေ​ခံ​နဲ့ သခင်​အတွက် အကြံ​ပြု​ချက် (၅-၉)

  • ဘု​ရား​သခင်​ဆီ​က ချပ်​ဝတ်​တန်​ဆာ အပြည့်​အစုံ (၁၀-၂၀)

  • နှုတ်​ဆက်​စ​ကား (၂၁-၂၄)

 သား​သမီး​တို့၊ ဘု​ရား​သခင့် အလို​တော်​နဲ့​အညီ မိ​ဘ​ကို နာ​ခံ​ကြ​ပါ။+ ဒါ​ဟာ ဘု​ရား​သခင်​ရဲ့ အမြင်​မှာ ဖြောင့်​မှန်​တယ်။ ၂  “မိ​ဘ​ကို ရို​သေပါ”+ ဆို​တဲ့ ပညတ်​ဟာ က​တိ​တော်​နဲ့ ဒွန်​တွဲ​နေ​တဲ့ ပထ​မဆုံး​ပညတ်​ပဲ။ ၃  “ဒါ​မှ​သာ ကောင်း​စား​လိမ့်​မယ်၊ ကမ္ဘာ​မြေပေါ်​မှာ အသက်​ရှည်​ရှည် နေ​နိုင်​လိမ့်​မယ်” ဆို​တဲ့ က​တိ​ဖြစ်​တယ်။ ၄  ဖခင်​တို့၊ သား​သမီး​တွေ​ကို စိတ်​ဆိုး​အောင် မလုပ်​ကြ​နဲ့။+ ယေဟောဝါ* မိန့်​မှာ​တဲ့​အတိုင်း*+ သူ​တို့​ကို ဆုံး​မသွန်​သင်​ပြီး ပြု​စု​ပျိုး​ထောင်​ကြပါ။+ ၅  အစေ​ခံ​ကျွန်​တို့၊ ခ​ရစ်​တော်​ကို နာခံ​သလို ကိုယ့်​သခင်​ကို ကြောက်​ရွံ့​ရိုသေ​ပြီး စိတ်​ရင်း​မှန်​နဲ့ နာ​ခံ​ကြ​ပါ။+ ၆  မျက်​နှာ​လို​မျက်​နှာ​ရ လုပ်​တတ်​သူ​တွေ​လို လူ​မြင်​ကောင်း​ဖို့​လောက်​သာ မဖြစ်​သင့်​ဘူး။+ ဘု​ရား​သခင်​ရဲ့ အလို​တော်​ကို စိတ်​နှ​လုံး​အကြွင်း​မဲ့ ဆောင်​ရွက်​တဲ့ ခ​ရစ်​တော်ရဲ့ အစေ​ခံ​တွေ​လို လုပ်​ဆောင်​ပါ။+ ၇  လူ​ကို​မဟုတ်​ဘဲ ယေဟောဝါ​ကို* အစေ​ခံ​သလို သဘော​ထား​မှန်​နဲ့ အစေ​ခံ​ပါ။+ ၈  ကျွန်​ဖြစ်​စေ၊ လွတ်​လပ်​သူ​ဖြစ်​စေ ကိုယ်​လုပ်​တဲ့ ကောင်း​မှု​အတိုင်း ယေဟောဝါ* ဆု​ချ​မယ်​ဆို​တာ ခင်​ဗျား​တို့ သိ​ပါ​တယ်။+ ၉  သခင်​တို့၊ ခင်​ဗျား​တို့​လည်း အစေ​ခံ​ကျွန်​တွေ​ကို အလား​တူ ဆက်​ဆံ​ပါ။ သူ​တို့​ကို မခြိမ်း​ခြောက်​ပါ​နဲ့။ သူ​တို့​ရော၊ ခင်ဗျား​တို့​ရော ကောင်း​ကင်​မှာ သခင်​တစ်​ဦး​တည်း ရှိ​မှန်း၊+ ဘု​ရား​သခင် မျက်​နှာ​မလိုက်​တတ်​မှန်း ခင်​ဗျား​တို့ သိ​ပါ​တယ်။ ၁၀  နောက်​ဆုံး​အနေ​နဲ့ မှာ​ချင်​တာ​က​တော့ ဘု​ရား​သခင်​ဆီ​က တန်​ခိုး​ကို​ခံ​ယူ​ပြီး+ အစွမ်း​ခွန်​အား တိုး​ပွား​နေ​ပါ။ ၁၁  မာရ်​နတ်​ရဲ့ ဉာဏ်​နီ​ဉာဏ်​နက်​များ​တဲ့ လုပ်​ရပ်တွေ​ကို ခု​ခံ​ပြီး အခိုင်​အမာ​ရပ်​တည်​နိုင်​ဖို့  ဘု​ရား​သခင်​ဆီ​က ချပ်​ဝတ်​တန်​ဆာ အပြည့်​အစုံ​ကို ဝတ်​ဆင်​ကြ​ပါ။+ ၁၂  ဘာ​လို့​လဲ​ဆို​တော့ ကျွန်​တော်​တို့​ဟာ အသွေး​အသား​ဖြစ်​တဲ့​လူ​တွေ​နဲ့ တိုက်​ခိုက်​နေ​ရ​တာ*+ မဟုတ်​ဘူး။ အုပ်​စိုး​သူ​တွေ၊ အခွင့်​အာ​ဏာ​ရှိ​သူ​တွေ၊ အမှောင်​လော​က​ရဲ့ အုပ်​စိုး​ရှင်​တွေ​ဖြစ်​တဲ့ ကောင်း​ကင်​က နတ်​ဆိုး​များ​စွာ​နဲ့+ တိုက်​ခိုက်​နေ​ရ​တာ​ပါ။ ၁၃  ဒါ​ကြောင့် ဘု​ရား​သခင်​ဆီ​က ချပ်​ဝတ်​တန်​ဆာ အပြည့်​အစုံ​ကို ဝတ်​ဆင်​ထား​ပါ။+ အရာရာ အသင့်​ဖြစ်​နေ​ပြီဆို​ရင် ဆိုး​ညစ်​တဲ့​အချိန် ရောက်​တဲ့​အခါ ခု​ခံ​ပြီး အခိုင်​အမာ ရပ်​တည်​နိုင်​လိမ့်​မယ်။ ၁၄  ဒီ​တော့ အမှန်​တ​ရား​ခါး​ပန်း​ကို စည်း​ထား​ကြ၊+ ဖြောင့်​မတ်​ခြင်း ရင်​အုပ်​တန်​ဆာ​ကို ဝတ်​ဆင်​ပြီး+ အခိုင်​အမာ ရပ်​တည်​ကြ။ ၁၅  ငြိမ်​သက်​ခြင်း​သတင်း​ကောင်း ဟော​ဖို့ အသင့်​ရှိ​နေ​ခြင်း​ဆို​တဲ့  ဖိ​နပ်​ကို စီး​ထား​ကြ။+ ၁၆  အဲ​ဒါ​တွေ​အပြင် ဆိုး​ညစ်​သူ​ပစ်​ခတ်​တဲ့ မီး​မြား​တွေ​ကိုငြိမ်း​သတ်​နိုင်​တဲ့+  ယုံ​ကြည်​ခြင်း  ဒိုင်း​လွှား​ကြီး​ကို​လည်း  ကိုင်​ဆောင်​ထား​ကြ။+ ၁၇  ကယ်​တင်​ခြင်း  သံ​ခ​မောက်​ကို   ဆောင်း​ထား​ကြ။+ ဘု​ရား​သခင့် တ​ရား​စ​ကား​ဖြစ်​တဲ့ စွမ်း​အား​တော်​ဓား​ကို​လည်း  ကိုင်​စွဲ​ကြ။+ ၁၈  အချိန်​အခါ​တိုင်း​မှာ စွမ်း​အား​တော်​လမ်း​ညွှန်​မှု​နဲ့​အညီ+ တိုး​လျှိုး​အသနား​ခံ​ခြင်း၊ ဆု​တောင်း​ခြင်း အမျိုး​မျိုး​နဲ့ ဆု​တောင်း​နေ​ပါ။+ အဲ​ဒီ​လို​လုပ်​နိုင်​ဖို့ အမြဲ နိုး​ကြား​နေ​ပါ။  သန့်​ရှင်း​သူ​အား​လုံး​အတွက် အမြဲ တိုး​လျှိုး​အသနား​ခံ​ပေး​ကြ​ပါ။ ၁၉  သတင်း​ကောင်း​နဲ့​ဆိုင်​တဲ့ မြင့်မြတ်​တဲ့ လျှို့ဝှက်​ချက်​အကြောင်း ဟော​ပြော​တဲ့​အခါ ရဲရဲ​ဝံ့​ဝံ့​ပြော​နိုင်​တဲ့ နှုတ်​သတ္တိ​ရှိ​ဖို့ ကျွန်​တော့်​အတွက်​လည်း ဆု​တောင်း​ပေး​ကြ​ပါ။+ ၂၀  ဟော​ပြော​သင့်​တဲ့​အတိုင်း ရဲရဲ​ဝံ့​ဝံ့​ဟော​ပြော​နိုင်​ဖို့ ဆု​တောင်း​ပေး​ကြ​ပါ။ အဲ​ဒီ​သတင်း​ကောင်း​ရဲ့ သံ​အမတ်​ဖြစ်​လို့+ ကျွန်​တော် အကျဉ်း​ကျ​နေ​တယ်။ ၂၁  သခင့်​အတွက် သစ္စာ​ရှိ​ရှိ အမှု​ဆောင်​သူ၊ ချစ်​ရ​တဲ့​ညီ​အစ်​ကို တု​ခိတ်​က+ ကျွန်​တော့်​အကြောင်း၊ ကျွန်​တော့်​အခြေ​အနေ​အကြောင်း  ခင်​ဗျား​တို့​ကို  အား​လုံး​ပြော​ပြပါ​လိမ့်​မယ်။+ ၂၂  ကျွန်​တော်​တို့​အခြေ​အနေ​ကို ခင်ဗျား​တို့ သိ​ပြီး စိတ်​သက်​သာ​ရာရ​စေ​ချင်​တဲ့ ရည်​ရွယ်​ချက်​နဲ့ သူ့​ကို ခင်​ဗျား​တို့​ဆီ လွှတ်​လိုက်​တာ​ပါ။ ၂၃  ညီ​အစ်​ကို​တို့​ဆီ​မှာ အဖဘု​ရား​သခင်​နဲ့ သခင်​ယေရှု​ခ​ရစ်​ဆီ​က ငြိမ်​သက်​ခြင်း​အပြင် ယုံ​ကြည်​ခြင်း​နဲ့ ဒွန်​တွဲ​နေ​တဲ့ ချစ်​ခြင်း​မေတ္တာ ရှိ​နေ​ပါ​စေ။ ၂၄  သခင်​ယေရှု​ခ​ရစ်​ကို မပျက်​ပြယ်​နိုင်​တဲ့ မေတ္တာ​နဲ့ ချစ်​တဲ့​သူ​အား​လုံး မဟာ​ကရု​ဏာ​တော် ခံ​စား​ရ​ပါ​စေ။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “သွန်​သင်​ချက်၊ လမ်း​ညွှန်​ချက်​အတိုင်း။”
မူ​ရင်း၊ “န​ပန်း​သတ်​နေ​ရ​တာ။”