မာတိကာဆီ ကျော်သွား

ညီအစ်ကိုယူရီ ယူစကာ့ဗ်

၂၀၂၄ ခုနှစ်၊ မတ် ၂၂ ရက်
ရုရှား

အသက်ရှစ်ဆယ့်ငါးနှစ်အရွယ် ညီအစ်ကိုယူရီ ယူစကာ့ဗ် အပြစ်ရှိကြောင်း စီရင်ခံရ

အသက်ရှစ်ဆယ့်ငါးနှစ်အရွယ် ညီအစ်ကိုယူရီ ယူစကာ့ဗ် အပြစ်ရှိကြောင်း စီရင်ခံရ

၂၀၂၄ ခုနှစ်၊ မတ် ၁၅ ရက်မှာ ချူဘက်ရှ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုဗိုချီဗာ့စခါမြို့တရားရုံးက အသက်ရှစ်ဆယ့်ငါးနှစ်အရွယ် ညီအစ်ကိုယူရီ ယူစကာ့ဗ် အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်။ လောလောဆယ် ထောင်ထဲသွားစရာမလိုပါ။

ကိုယ်ရေးအကျဉ်း

ယူရီလို သက်ကြီးညီအစ်ကို/မတွေ ပြသတဲ့ ယုံကြည်ခြင်းနဲ့ခံနိုင်ရည်အတွက် ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။ ယေဟောဝါက သူတို့ကို ဘယ်တော့မှ မစွန့်ပစ်ဘူး၊ သူတို့အတွက် အစွမ်းခွန်အား ဆက်ပြနေမယ်ဆိုတာ သိပါတယ်။—ဆာလံ ၇၁:၁၈၊ ၁၉

အချိန်ပြဇယား

  1. မေ ၄၊ ၂၀၂၃

    ပြစ်မှုနဲ့ တရားစွဲ

  2. မေ ၅၊ ၂၀၂၃

    အိမ်ကို ရှာဖွေပြီး ခရီးသွားလာခွင့်ကန့်သတ်

  3. ဇန်နဝါရီ ၂၃၊ ၂၀၂၄

    ပြစ်မှု စတင်ကြားနာစစ်ဆေး

  4. မတ် ၁၅၊ ၂၀၂၄

    အပြစ်ရှိကြောင်း စီရင်ခံရပြီး ဆိုင်းငံ့ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရ

a စီရင်ချက်မချခင်မှာ ရယူခဲ့တဲ့မှတ်ချက်တွေပါ။