မာတိကာဆီ ကျော်သွား

ညီအစ်ကို ဒီမီထရီ ဒိုနစ်ရှ်ကို့ဗ်နဲ့ ဇနီး မာရီနာ

၂၀၂၃ ခုနှစ်၊ မေ ၂ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | ယုံကြည်ခြင်းရှိသူတွေရဲ့ စံနမူနာက လှုံ့ဆော်ပေး

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ချက်ချ | ယုံကြည်ခြင်းရှိသူတွေရဲ့ စံနမူနာက လှုံ့ဆော်ပေး

၂၀၂၃ ခုနှစ်၊ ဇွန် ၃၀ ရက်မှာ နိုဗိုဆာဘီရိခ်၊ လီနင်စကီ ခရိုင်တရားရုံးက ညီအစ်ကို ဒီမီထရီ ဒိုနစ်ရှ်ကို့ဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်။ တရားသူကြီးက ထောင်ဒဏ်ကို သုံးနှစ် အလုပ်ကြမ်း လုပ်ပေးဖို့နဲ့ ပြောင်းလဲလိုက်တယ်။ အခုလောလောဆယ် သူထောင်ထဲ သွားစရာ မလိုပါ။ အလုပ်လုပ်ပေးရချိန် ကာလအတွင်း သူ့လခထဲက ၁၀ ရာခိုင်နှုန်းကို အစိုးရက သိမ်းယူမှာဖြစ်တယ်။ ဒီအပြင် မြို့တွင်းကနေ ထွက်ခွင့်မရပါ။

ကိုယ်ရေးအကျဉ်း

ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းနဲ့ ခံနိုင်ရည်ကို ယေဟောဝါ သတိပြုပြီး ဒီမီထရီနဲ့ ကျွန်တော်တို့အားလုံးကိုပါ ခွန်အားဆက်ပေးမယ်ဆိုတာကို ယုံကြည်စိတ်ချပါတယ်။—ဗျာဒိတ် ၂:၁၉

အချိန်ပြဇယား

  1. မေ ၁၃၊ ၂၀၂၂

    ပြစ်မှုနဲ့ စွဲချက်တင်တယ်။

  2. စက်တင်ဘာ ၈၊ ၂၀၂၂

    တိုက်ခန်းကို ဝင်ရောက်ရှာဖွေတယ်။ ယာယီချုပ် ထားတယ်။

  3. စက်တင်ဘာ ၉၊ ၂၀၂၂

    စစ်ဆေးမေးမြန်းခံရပြီးနောက် ချီယာဘင့်စ်ဒေသကနေ ကီလိုမီတာ ၁,၅၀၀ ကျော် (၉၃၂ မိုင်) ဝေးတဲ့ နိုဗိုဆာဘီရိခ်မြို့က အချုပ်ထောင်ကို လေယာဉ်နဲ့ ပြောင်းရွှေ့ခံရတယ်။

  4. နိုဝင်ဘာ ၁၁၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

  5. နိုဝင်ဘာ ၂၄၊ ၂၀၂၂

    အချုပ်ထောင်ကနေ လွှတ်ပေးပြီး နေအိမ် အကျယ်ချုပ်ချတယ်။