မာတိကာဆီ ကျော်သွား

ဘယ်မှညာ– ညီအစ်ကို ရီနတ် ခါရာမို့ဗ်နဲ့ ဇနီး ဂါလီနာ၊ ညီအစ်ကို ဆာဂေး ကိုရိုလို့ဗ်နဲ့ ဇနီး ရီကက်ထရီနာ၊ ညီအစ်ကို ဆာဂေး ကာစီရန်အန်ကာနဲ့ ဇနီး အော်လ်ဂါ

၂၀၂၃ ခုနှစ်၊ မတ် ၂၉ ရက် | ပြန်လည်ပြင်ဆင်သည့်နေ့ – ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ညီအစ်ကိုတွေ ထောင်ချခံရ | အကျဉ်းထောင်ထဲက ညီအစ်ကိုတွေကို ယေဟောဝါ ကူညီထောက်မပေး

နောက်ဆုံးအချက်အလက်—ညီအစ်ကိုတွေ ထောင်ချခံရ | အကျဉ်းထောင်ထဲက ညီအစ်ကိုတွေကို ယေဟောဝါ ကူညီထောက်မပေး

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၇ ရက်မှာအာခ်ထူဘင့်စကီ ခရိုင်တရားရုံးက ညီအစ်ကိုရီနတ် ခါရာမို့ဗ်၊ ညီအစ်ကို ဆာဂေး ကိုရိုလို့ဗ်နဲ့ ညီအစ်ကို ဆာဂေး ကာစီရန်အန်ကာတို့ကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့တယ်။ ညီအစ်ကိုသုံးယောက်စလုံးဟာ ၂၀၂၁၊ နိုဝင်ဘာလ ကတည်းက အချုပ်ထောင်ထဲမှာ နေခဲ့ရတာဖြစ်ပြီး ဆက်လက် အချုပ်ကျနေပါတယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါက သစ္စာရှိကျေးကျွန်တွေအတွက် ခိုလှုံရာ ဖြစ်ကြောင်း သက်သေပြပြီး သူတို့ကို ‘ထာဝရလက်ရုံးတော်နဲ့ ထောက်မပေး’ နေတယ်ဆိုတာ သိရလို့ ကျွန်တော်တို့ စိတ်သက်သာမှု ရပါတယ်။—တရားဟောရာ ၃၃:၂၇

အချိန်ပြဇယား

  1. နိုဝင်ဘာ ၉၊ ၂၀၂၁

    ပြစ်မှု စတင်စွဲဆိုတယ်။ ညီအစ်ကို ခါရာမို့ဗ်၊ ကိုရိုလို့ဗ်နဲ့ ကာစီရန်အန်ကာတို့ရဲ့ အိမ်အပါအဝင် အာခ်ထူဘင့်နဲ့ ဇနားမင့်မြို့က ယေဟောဝါသက်သေ ၁၅ အိမ်ထောင်ကို အာဏာပိုင်တွေ ဝင်ရောက်ရှာဖွေကြတယ်။

  2. နိုဝင်ဘာ ၁၀၊ ၂၀၂၁

    ဆာဂေး ကိုရိုလို့ဗ် အဖမ်းခံရတယ်

  3. နိုဝင်ဘာ ၁၁၊ ၂၀၂၁

    ရီနတ် ခါရာမို့ဗ်နဲ့ ဆာဂေး ကာစီရန်အန်ကာလည်း အဖမ်းခံရတယ်။ ညီအစ်ကို သုံးယောက်စလုံးကို အချုပ်ထောင် ပို့လိုက်တယ်။

  4. နိုဝင်ဘာ ၁၄၊၂၀၂၂

    အမှု စတင်ကြားနာစစ်ဆေးတယ်

a b ညီအစ်ကို ခါရာမို့ဗ်နဲ့ ကာစီရန်အန်ကာရဲ့ ကိုယ်ပိုင်မှတ်ချက်တွေ မရနိုင်ခဲ့ပါ။