၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇ ရက်
ရုရှား
စမ်းသပ်မှုခံနေရချိန်မှာ ချစ်မြတ်နိုးရသူတွေကို အားပေး
၂၀၂၂ ခုနှစ်၊ သြဂုတ် ၈ ရက်မှာ မော်စကို၊ ဂိုလော့ဗင်စကီ ခရိုင်တရားရုံးက ညီအစ်ကို အလက်ဆန်ဒါ စီရီဘရစ်ကို့ဗ်နဲ့ ညီအစ်ကို ယူရီ တယ်မီဘူလတို့ဗ်ကို အပြစ်ရှိကြောင်း စီရင်ချက် ချမှတ်ခဲ့တယ်။ သူတို့ ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် အသီးသီး ချမှတ်ခံရတယ်။ လက်ရှိမှာ ထောင်ထဲသွားစရာ မလိုဘူး။ ညီအစ်ကိုနှစ်ယောက်စလုံးကို အချုပ်ကနေ ချက်ချင်း လွှတ်လိုက်တယ်။
အချိန်ပြဇယား
ဖေဖော်ဝါရီ ၁၀၊ ၂၀၂၁
ယေဟောဝါသက်သေတွေရဲ့ အိမ် ၁၆ လုံးကို ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိတွေ၊ FSB နဲ့လုံခြုံရေးတွေက ရုတ်တရက် ဝင်ရှာဖွေခဲ့ကြတယ်။ ညီအစ်ကို နှစ်ယောက် ရိုက်နှက်ခံရပြီး ၁၈ ယောက်ကို စစ်ကြောဖို့ ခေါ်သွားကြောင်း သတင်းရရှိတယ်။ အလက်ဆန်ဒါနဲ့ ယူရီ အချုပ်ချခံရတယ်။
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁
ညီအစ်ကို နှစ်ယောက်စလုံးကို အချုပ်ထောင် ပို့လိုက်တယ်။
အောက်တိုဘာ ၂၈၊ ၂၀၂၁
ယူရီကို ဆေးရုံဆီ အပြေးအလွှားခေါ်သွားပြီး အကြိတ်တစ်ခုကို အရေးပေါ် ခွဲထုတ်လိုက်တယ်။
နိုဝင်ဘာ ၄၊ ၂၀၂၁
ယူရီကို ဆေးရုံကနေ အချုပ်ထောင်ဆီ ပြန်ပြောင်းရွှေ့လိုက်တယ်။
ဖေဖော်ဝါရီ ၇၊ ၂၀၂၂
အမှု စတင်ကြားနာစစ်ဆေးတယ်။
ကိုယ်ရေးအကျဉ်း
အလက်ဆန်ဒါနဲ့ ယူရီဟာ မိသားစုတွေနဲ့ ဝေးကွာနေကြရတာတောင် သူတို့ရဲ့ မိသားစုတွေ ယေဟောဝါနဲ့ နီးနီးကပ်ကပ်ရှိနေဖို့ ကူညီပေးရာမှာ ပုံသက်သေကောင်း ပြကြတယ်။ သူတို့ရဲ့ သစ္စာရှိရှိ ခံရပ်မှုအတွက် သူတို့နဲ့ သူတို့ချစ်မြတ်နိုးရတဲ့သူတွေအပေါ် ယေဟောဝါ ဆက်ပြီး ဆုချပါစေ။—၁ တိမောသေ ၅:၈။