မာတိကာဆီ ကျော်သွား

ဘယ်မှ ညာ- ညီအစ်ကို တာရာ့စ် ကူဇီယိုနဲ့ ဇနီး ဒါရယာ၊ ညီအစ်ကို ဆာဂေး လိုင်ယူလင်၊ ညီအစ်ကို ပီအိုတာ ဇီလဆောဗ်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၄ ခုနှစ်၊ မတ် ၂၂ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

နောက်ဆုံးအချက်အလက်—ပြစ်ဒဏ်ကို ပယ်ဖျက် | ယေဟောဝါရဲ့အကူအညီနဲ့ စိတ်ဓာတ်ကျမှုကို ရင်ဆိုင်ကျော်ဖြတ်

နောက်ဆုံးအချက်အလက်—ပြစ်ဒဏ်ကို ပယ်ဖျက် | ယေဟောဝါရဲ့အကူအညီနဲ့ စိတ်ဓာတ်ကျမှုကို ရင်ဆိုင်ကျော်ဖြတ်

၂၀၂၄ ခုနှစ်၊ မတ် ၂၁ ရက်မှာ ခရိုင်းမီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးချုပ်က ညီအစ်ကို တာရာ့စ် ကူဇီယိုနဲ့ ဇနီးဖြစ်သူ ဒါရယာ ကူဇီယို၊ ညီအစ်ကို ဆာဂေး လိုင်ယူလင်၊ ညီအစ်ကို ပီအိုတာ ဇီလဆောဗ်တို့ကို အပြစ်ရှိကြောင်း စီရင်ချက်ခဲ့တဲ့ အောက်ရုံးစီရင်ချက်ကို ပယ်ဖျက်လိုက်တယ်။ ညီအစ်ကိုတွေ အချုပ်ကနေ ချက်ချင်း လွတ်လာတယ်။ သူတို့အမှုကို ခရိုင်းမီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ယော့လ်တာမြို့ တရားရုံး မှာ ပြန်စစ်မှာဖြစ်တယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်မှာ ခရိုင်းမီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ယော့လ်တာမြို့တရားရုံးက ညီအစ်ကို တာရာ့စ် ကူဇီယိုနဲ့ ဇနီးဖြစ်သူ ဒါရယာ ကူဇီယို၊ ညီအစ်ကို ဆာဂေး လိုင်ယူလင်၊ ညီအစ်ကို ပီအိုတာ ဇီလဆောဗ်တို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်တယ်။ ဒါရယာကို ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ် ချမှတ်တယ်။ အခု လောလောဆယ် သူ ထောင်ထဲဝင်စရာ မလိုပါ။ တာရာ့စ်ကို ထောင်ဒဏ် ခြောက်နှစ်ခွဲ ချမှတ်ပြီး ဆာဂေးနဲ့ ပီအိုတာကို ထောင်ဒဏ် ခြောက်နှစ်နဲ့ တစ်လ ချမှတ်တယ်။ ညီအစ်ကို သုံးယောက်စလုံးကို တရားခွင်မှာပဲ ချက်ချင်းဖမ်းဆီးလိုက်တယ်။

အချိန်ပြဇယား

  1. မတ် ၄၊ ၂၀၂၁

    အစွန်းရောက်အဖွဲ့အစည်းကို ငွေကြေးထောက်ပံ့မှုနဲ့ တာရာ့စ်ကို တရားစွဲဆိုတယ်။

  2. မတ် ၁၁၊ ၂၀၂၁

    ကူဇီယိုတို့နဲ့ ဆာဂေး အပါအဝင် ယေဟောဝါသက်သေ ကိုးအိမ်ကို အရာရှိတွေ ဝင်ရောက်စီးနင်း ရှာဖွေကြတယ်။ တာရာ့စ်ကို ချုပ်ထားတယ်။

  3. မတ် ၁၂၊ ၂၀၂၁

    တာရာ့စ်ကို ပြန်လွှတ်လိုက်ပြီး နေအိမ်အကျယ်ချုပ် ချထားတယ်။ ဒါပေမဲ့ မိသားစုနဲ့အတူ နေထိုင်ခွင့် မပေးဘူး။

  4. ဇူလိုင် ၂၉၊ ၂၀၂၁

    ဒါရယာ၊ ပီအိုတာနဲ့ ဆာဂေးကို ပြစ်မှုနဲ့ စတင်စွဲဆိုတယ်။ ပီအိုတာကို ချုပ်ထားတယ်။

  5. ဇူလိုင် ၃၀၊ ၂၀၂၁

    ပြစ်မှုတွေကို ပေါင်းလိုက်တယ်။ ပီအိုတာကို ပြန်လွှတ်လိုက်ပြီး နေအိမ်အကျယ်ချုပ် ချတယ်။

  6. သြဂုတ် ၁၁၊ ၂၀၂၁

    ဆာဂေးကို ဖမ်းလိုက်ပြီး ၄၉၇ မိုင်ဝေးတဲ့ အချုပ်ထောင်ကို ပို့လိုက်တယ်။ ၁၆ နာရီကြာ ခရီးစဉ်အတွင်း သူ့ရဲ့လက်တွေကို ခေါင်းပေါ်က တန်းမှာ လက်ထိပ်ခတ်ပြီး ခြေထောက်တွေကို ထိုင်ခုံမှာ တုတ်ခဲ့တယ်။

  7. မတ် ၁၊ ၂၀၂၂

    ဆာဂေးကို အချုပ်ထောင်ကနေ လွှတ်ပြီး နေအိမ်အကျယ်ချုပ် ချတယ်။

  8. ဧပြီ ၄၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

  9. ဇူလိုင် ၁၁၊ ၂၀၂၂

    ပီအိုတာ၊ ဆာဂေးနဲ့ တာရာ့စ်တို့ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပေမဲ့ ခရီးသွားခွင့် ပိတ်ပင်တယ်။

ကိုယ်ရေးအကျဉ်း

ဘုရားကို သစ္စာရှိသူတွေဟာ အကျဉ်းကျနေချိန်၊ အချုပ်ကျနေချိန်၊ နေအိမ်အကျယ်ချုပ် ကျနေချိန်တွေမှာ “မလှုပ်နိုင်လောက်အောင် ပိတ်မိ” နေတယ်လို့ ခံစားကြရပေမဲ့ ယေဟောဝါက နာမတော်အတွက် နှိပ်စက်ညှဉ်းဆဲခံရသူတွေကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ပါဘူး။—၂ ကောရိန္သု ၄:၈၊ ၉