မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

သေလွန်သူတွေကို အသက်ပြန်ရှင်အောင် ယေရှု လုပ်ပေးခဲ့သလား

သေဆုံးသွားတာ ၄ ရက်ရှိပြီဖြစ်တဲ့ လာဇရုကို ယေရှု အသက်ပြန်ရှင်အောင်လုပ်ပေးခဲ့

သေလွန်သူတွေကို အသက်ပြန်ရှင်အောင် ယေရှု လုပ်ပေးခဲ့တယ်လို့ ကျမ်းစာမှာ အတိအကျ မှတ်တမ်းတင်ထားပါတယ်။ ဒီမှတ်တမ်းတွေက စိတ်ကူးယဉ်ပြီး ရေးထားတာ မဟုတ်ပါဘူး။ နေရာအတိအကျ၊ အချိန်အတိအကျကို မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဥပမာ၊ အေဒီ ၃၁၊ နွေရာသီမှာ ယေရှုဟာ လူအုပ်နဲ့အတူ ကပေရနောင်မြို့ကနေ နာဣနမြို့ကို ခရီးထွက်ခဲ့တယ်။ အဲဒီမြို့ကိုရောက်တဲ့အခါ လူငယ်တစ်ယောက်ရဲ့ အသုဘကို လိုက်ပို့တဲ့ လူအုပ်နဲ့ ဆုံခဲ့တယ်။ အဲဒီအခါ လူငယ်လေးကို အသက်ပြန်ရှင်အောင် ယေရှု လုပ်ပေးခဲ့တယ်။ အဲဒီမှတ်တမ်းကို သင် ယုံကြည်စိတ်ချနိုင်ပါတယ်။ အကြောင်းက ဒီဖြစ်ရပ်ဟာ သက်သေအများရှေ့မှာ ဖြစ်ပျက်ခဲ့ပြီး ကျမ်းစာမှာ မှတ်တမ်းတင်ထားလို့ ဖြစ်တယ်။လုကာ ၇:၁၁–၁၅ ကိုဖတ်ပါ။

သေဆုံးသွားတာ ၄ ရက်ရှိပြီဖြစ်တဲ့ မိတ်ဆွေဖြစ်သူ လာဇရုကိုလည်း အသက်ပြန်ရှင်အောင် ယေရှု လုပ်ပေးခဲ့တယ်။ အဲဒီနေ့မှာ ယေရှုလုပ်ပေးခဲ့ရာကို မှတ်တမ်းတင်ထားတဲ့ ဖြစ်ရပ်ကိုလည်း သင် ယုံကြည်စိတ်ချနိုင်ပါတယ်။ အကြောင်းက မျက်မြင်သက်သေအများရှေ့မှာ ယေရှုလုပ်ပေးခဲ့လို့ပါ။ယောဟန် ၁၁:၃၉–၄၅ ကိုဖတ်ပါ။

သေလွန်သူတွေကို အသက်ပြန်ရှင်အောင် ယေရှု ဘာကြောင့်လုပ်ပေးခဲ့တာလဲ

ယေရှုဟာ သနားကြင်နာတဲ့စိတ်ကြောင့် သေလွန်သူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တာဖြစ်တယ်။ ဒါ့အပြင် အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တဲ့ ဘုရားပေးတန်ခိုးရှိတယ်ဆိုတာကို ပြချင်လို့လည်း ဖြစ်တယ်။ယောဟန် ၅:၂၁၊ ၂၈၊ ၂၉ ကိုဖတ်ပါ။

သေလွန်သူတွေကို အသက်ပြန်ရှင်အောင် ယေရှုလုပ်ပေးခဲ့တဲ့ မှတ်တမ်းတွေက အနာဂတ်နဲ့ပတ်သက်ပြီး ကိုယ်တော်ပေးခဲ့တဲ့ ကတိတွေပြည့်စုံလာမယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။ ယေရှုဟာ သေလွန်သွားတဲ့ အတိုင်းမသိလူများစွာကို အသက်ပြန်ရှင်အောင် လုပ်ပေးမှာဖြစ်တယ်။ အဲဒီထဲမှာ စစ်မှန်တဲ့ဘုရားအကြောင်း လုံးဝမသိဘဲ သေဆုံးသွားတဲ့ မဖြောင့်မတ်သူတွေလည်း ပါဝင်တယ်။ သူတို့ အသက်ပြန်ရှင်လာတဲ့အခါ ယေဟောဝါဘုရားကို သိရှိခွင့်၊ ချစ်မြတ်နိုးခွင့် ရရှိကြမှာဖြစ်တယ်။တမန်တော် ၂၄:၁၅ ကိုဖတ်ပါ။