မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ရေနံဂုဏ်သတ္တိကို ဖြိုခွဲပေးတဲ့ သက်ရှိငယ်လေးများ

ရေနံဂုဏ်သတ္တိကို ဖြိုခွဲပေးတဲ့ သက်ရှိငယ်လေးများ

မက္ကဆီကို ပင်လယ်ကွေ့မှာရှိတဲ့ ရေနံတူးစင်ဟာ ၂၀၁၀ ပြည့်နှစ်မှာ ပေါက်ကွဲနစ်မြုပ်သွားတဲ့အတွက် ရေနံစိမ်းစည်ပေါင်း ၅ သန်းနီးပါးဟာ ပင်လယ်ရေထဲ ယိုဖိတ်သွားတယ်။ ဒါပေမဲ့ လပိုင်းလောက်မှာပဲ ဖိတ်စင်နေတဲ့ ရေနံတော်တော်များများ ပျောက်ကွယ်သွားတယ်။ ဘာကြောင့်များလဲ။

စဉ်းစားကြည့်ပါ– အဏုကြည့်မှန်ဘီလူးနဲ့ပဲ မြင်နိုင်တဲ့ ပင်လယ်ထဲမှာရှိတဲ့ ဗက်တီးရီးယားပိုးကောင်ငယ်လေးတွေဟာ ရေနံထဲမှာ ပါဝင်တဲ့ ကာဗွန်မော်လီကျူးတွေကို ဖြိုဖျက်ပစ်နိုင်စွမ်းရှိတယ်ဆိုတာကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ အဏုဇီဝဗေဒပညာရှင် ပါမောက္ခ တယ်ရီဟေဇင်က အဲဒီသက်ရှိလေးတွေဟာ “ရေနံရှာဖွေရေး ကိရိယာများ” ဖြစ်တယ်လို့ တင်စားဖော်ပြခဲ့တယ်။ အဲဒီသက်ရှိငယ်လေးတွေဟာ မက္ကဆီကိုပင်လယ်ကွေ့ ရေနံယိုဖိတ်မှုကို ရှင်းလင်းသန့်စင်ပေးတဲ့နေရာမှာ တစ်စိတ်တစ်ပိုင်း ပါဝင်သူတွေဖြစ်ကြတယ်။

“ပင်လယ်ထဲမှာ ရေနံကို သောက်သုံးနေကြတဲ့ သက်ရှိငယ်လေးတွေ ရှိတယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။” ရှေးပဝေသဏီကတည်းက “သမုဒ္ဒရာကြမ်းပြင်ကနေ ရေထုထဲကို ရေနံတွေ သဘာဝအလျောက် စိမ့်ထွက်နေပါတယ်” ဆိုပြီး ဘီဘီစီသတင်းတစ်ပုဒ်မှာ ဖော်ပြခဲ့တယ်။

ဖိတ်စင်နေတဲ့ ရေနံတွေကို ရှင်းလင်းဖို့ လူတွေကြိုးစားခဲ့တာ အကျိုးရှိခဲ့တာတော့မှန်ပါတယ်။ ဒါပေမဲ့ ရေနံရှင်းလင်းတဲ့နေရာမှာ လူတွေရဲ့ကြိုးစားခဲ့မှုဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများနေနိုင်တယ်။ ဓာတုပစ္စည်းတွေ သုံးခဲ့ရတာကြောင့် အဲဒါတွေက ရေနံဂုဏ်သတ္တိကိုဖြိုဖျက်ပေးတဲ့ တခြားသဘာဝဖြစ်စဉ်တွေကို အဟန့်အတားဖြစ်စေတယ်။ ဒါ့အပြင် အဲဒီဓာတုပစ္စည်းတွေဟာ အဆိပ်အတောက်ဖြစ်စေပြီး သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိခိုက်မှုဖြစ်စေတယ်။ “ရေနံကို သောက်သုံးကြတဲ့ သက်ရှိငယ်လေးများ” အပါအဝင် ရေနံဓာတ်ကို ပြိုကွဲစေတဲ့ သဘာဝလုပ်ဆောင်မှုတွေဟာ အဲဒီလိုဆိုးကျိုးတွေမဖြစ်ပေါ်စေဘဲ ပင်လယ်ရေကို သန့်စင်သွားစေနိုင်တယ်။ *

သင်ဘယ်လိုထင်ပါသလဲ။ ရေနံကို သောက်သုံးကြတဲ့၊ အဏုကြည့်မှန်ဘီလူးနဲ့ပဲမြင်ရတဲ့ ပင်လယ်ထဲက သက်ရှိငယ်လေးတွေဟာ သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။

^ စာပိုဒ်၊ 6 မက္ကဆီကို ပင်လယ်ကွေ့မှာ ဖြစ်ခဲ့တဲ့ မတော်တဆဖြစ်ရပ်ကြောင့် ပင်လယ်ထဲက သက်ရှိတွေအပေါ် ရေရှည်ဆိုးကျိုးရှိ၊ မရှိဆိုတာကို ပြောလို့မရနိုင်သေးပါ။