မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ | အသက် ဘယ်လို စတင်လာသလဲ

လေ့လာသုံးသပ်ထိုက်တဲ့အဖြေ

လေ့လာသုံးသပ်ထိုက်တဲ့အဖြေ

သက်သေသာဓကတွေကို သုံးသပ်ပြီးတဲ့နောက်မှာ လူအများက အသက်ဆိုတာ ဉာဏ်ကြီးရှင်တစ်ပါးကြောင့် ဖြစ်ပေါ်လာတယ်လို့ ကောက်ချက်ချကြတယ်။ တစ်ချိန်က ဘုရားမဲ့ဝါဒကို အထူးထောက်ခံခဲ့တဲ့ အတွေးအခေါ် ပညာရှင် ပါမောက္ခ အန်သနီ ဖလူးအကြောင်း လေ့လာရအောင်။ သက်ရှိတွေနဲ့ စကြဝဠာကြီးရဲ့ နိယာမတရား ဘယ်လောက်ရှုပ်ထွေးတယ်ဆိုတာကို သူသိလာတဲ့အခါ သဘောထား ပြောင်းသွားတယ်။ အရင်က အတွေးအခေါ်ပညာရှင်တွေရဲ့ ကျိုးကြောင်းဆင်ခြင်ပြမှုကို ပြန်ကိုးကားပြီး သူဒီလိုရေးတယ်– “သက်သေအထောက်အထားတွေ ဖော်ပြတာကို လက်ခံရမှာပဲ။” သက်သေအထောက်အထားတွေက ဖန်ဆင်းရှင်တစ်ပါးရှိတယ်ဆိုတာ ပြတယ်လို့ ပါမောက္ခ ဖလူး လက်ခံခဲ့တယ်။

ရှေ့ဆောင်းပါးမှာပါခဲ့တဲ့ ဂျဲရက်လည်း အဲဒီအတိုင်းပဲ ကောက်ချက်ချ တယ်။ သူဟာ ပိုးမွှားဗေဒတတ်ကျွမ်းတဲ့ ပညာရှင်ကြီးတစ်ဦးဖြစ်ပေမဲ့ “အသက်ဟာ သက်မဲ့အရာကနေ အလိုလိုဖြစ်ပေါ်လာတယ်လို့ ဘာသက်သေအထောက်အထားမှ ကျွန်တော်မတွေ့ခဲ့ရဘူး။ သက်ရှိတွေရဲ့ စည်းစနစ်ကျနမှုနဲ့ ရှုပ်ထွေးပွေလီမှုကြောင့် ပုံစံပြုဖွဲ့စည်းရှင်တစ်ပါး ရှိတယ်ဆိုတာ ကျွန်တော် ယုံကြည်လက်ခံလာတယ်” လို့ပြောခဲ့တယ်။

ပန်းချီဆရာတစ်ဦးရဲ့လက်ရာကို စစ်ဆေးလိုက်တဲ့အခါ သူ့အကြောင်း သိလာနိုင်သလို ဂျဲရက်လည်း သဘာဝလောကကြီးကို လေ့လာလိုက်တော့ ဖန်ဆင်းရှင်ရဲ့ အရည်အသွေးတွေကို သိမြင်သွားတယ်။ အဲဒီအပြင် ဂျဲရက်က ဖန်ဆင်းရှင်အကြောင်းဖော်ပြထားတဲ့ သမ္မာကျမ်းစာကို အချိန်ပေးပြီး ဖတ်ရှုလေ့လာခဲ့တယ်။ (၂ တိမောသေ ၃:၁၆) အဲဒီမှာ လူ့သမိုင်းနဲ့ဆိုင်တဲ့ မေးခွန်းတွေရဲ့ ကျေနပ်လောက်တဲ့အဖြေကို ရခဲ့တယ်၊ ယနေ့ လူတွေကြုံနေရတဲ့ ပြဿနာတွေရဲ့ လက်တွေ့ကျဖြေရှင်းနည်းကိုပါ ရခဲ့တယ်။ ဒါနဲ့ပဲ သမ္မာကျမ်းစာဟာ ဉာဏ်ကြီးရှင်တစ်ပါးကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာကို သူယုံကြည်လက်ခံခဲ့တယ်။

သမ္မာကျမ်းစာအဖြေတွေဟာ လေ့လာသုံးသပ်ထိုက်ပါတယ်။ ဂျဲရက်လိုပဲ ကိုယ်တိုင်ဆန်းစစ်ကြည့်ပါလို့ အားပေးချင်တယ်။