မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဘာသာတရားနဲ့ပတ်သက်ပြီး သတိပြုမိရာ

ဘာသာတရားနဲ့ပတ်သက်ပြီး သတိပြုမိရာ

ဘာသာတရားက စည်းလုံးစေတယ်လို့ ယူမှတ်ကြတယ်။ ဒါပေမဲ့ အများအားဖြင့် ဘာသာရေးကြောင့် ပဋိပက္ခတွေ၊ မယုံသင်္ကာမှုတွေ ဖြစ်နေတယ်။

ကမ္ဘာ့သတင်း

ကမ္ဘာ့လူဦးရေ လေးပုံသုံးပုံကျော်ဟာ တရားဝင်ဥပဒေကြောင့် ဒါမှမဟုတ် လူမှုရေးမုန်းတီးမှုကြောင့် ဘာသာရေးကို ကန့်သတ်ချုပ်ချယ်ထားတဲ့နိုင်ငံတွေမှာ နေထိုင်ကြတယ်။ မကြာသေးမီ ငါးနှစ်တာကာလအတွင်းမှာ လူနည်းစုသာရှိတဲ့ဘာသာတွေကိုမတရားဖိနှိပ်တဲ့နိုင်ငံ အရေအတွက်ဟာ နှစ်ဆနီးပါးများလာတယ်။

စဉ်းစားစရာ– ဘယ်အကြောင်းရင်းတွေကြောင့် တချို့သူတွေဟာ ဘာသာတရားမရှိကြတော့တာလဲ။—မဿဲ ၂၃:၂၇၊ ၂၈; ယောဟန် ၁၅:၁၉

အင်္ဂလန်

မကြာသေးခင်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ “ဘာသာရေးကို အသုံးချပြီး” လုပ်ခဲ့တာဖြစ်တယ်။ “ဒီရာစုနှစ်မှာတိုက်တဲ့စစ်ပွဲတွေက ၂၀ ရာစုနှစ်ကလို နိုင်ငံရေး သဘောထားကွဲလွဲမှုတွေကြောင့် မဟုတ်တော့ဘဲ ယဉ်ကျေးမှုမတူလို့၊ ဘာသာမတူလို့ တိုက်တဲ့စစ်တွေ ဖြစ်နေတယ်” လို့ သတင်းစာတစ်စောင် (Observer) မှာ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ ရေးသားဖော်ပြတယ်။

စဉ်းစားစရာ– ဘာသာရေးက ဘာကြောင့် ဒီလောက်တောင် စိတ်ဝမ်းကွဲပြားစေရတာလဲ။—မာကု ၇:၆-၈

ဩစတြေးလျ

ဩစတြေးလျ အစိုးရစစ်တမ်းကောက်ချက်အရ ၅ ယောက်မှာ ၁ ယောက်က ဘာသာတရားမရှိဘူးလို့ သိရတယ်။ “ဘာသာဝင်ဖြစ်ရင်တောင် ဘာသာရေးကိစ္စတွေ မလုပ်ကြဘူး။” ဘာသာရေးကိစ္စတွေမှာ တက်တက်ကြွကြွ ပါဝင်နေကြတဲ့သူတွေထဲမှာ အမျိုးသား ၁၅ ရာခိုင်နှုန်း၊ အမျိုးသမီး ၂၂ ရာခိုင်နှုန်းပဲ ရှိတယ်။

စဉ်းစားစရာ– ယနေ့ခေတ် ဘာသာရေးအဖွဲ့အစည်းအများစုကလူတွေမှာ ဘယ်လိုမကောင်းတဲ့အရည်အသွေးတွေ ထင်ရှားနေသလဲ။—မဿဲ ၇:၁၅-၂၀