မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ကြွပ်ဆတ်ကြယ်ငါးရဲ့ မြင်နိုင်စွမ်းရှိတဲ့ အရိုး

ကြွပ်ဆတ်ကြယ်ငါးရဲ့ မြင်နိုင်စွမ်းရှိတဲ့ အရိုး

ရေအောက်ကျောက်တန်းတွေမှာနေထိုင်တဲ့ ကြွပ်ဆတ်ကြယ်ငါး (brittle star) ကို ကြည့်လိုက်ရင် ထူးခြားတဲ့ချပ်ဝတ်တန်ဆာ ဝတ်ထားတယ်လို့ ထင်ရတယ်။ တကယ်တော့ အဲဒီကြယ်ငါးရဲ့ ချပ်ဝတ်တန်ဆာနဲ့တူတဲ့အရိုးဟာ မှန်ဘီလူးလေးတွေနဲ့ပြည့်နေတဲ့ စုပေါင်းမျက်စိကြီးပါ။

အရိုးမှာရှိတဲ့ ကြည်လင်နေတဲ့အဖုလေးတွေက အရည်အသွေးကောင်းတဲ့ မှန်ဘီလူးသေးသေးလေးတွေဖြစ်တယ်

သုံးသပ်ကြည့်ပါ– အဲဒီငါးရဲ့အရိုးကို သိပ္ပံပညာရှင်တွေ လေ့လာကြည့်တဲ့အခါ ထူးဆန်းတဲ့ပုံစံရှိပြီး လူ့ဆံပင်ထက်ပါးတဲ့ ကြည်လင်တဲ့အဖုအထစ်တွေ ပြည့်နှက်နေတာတွေ့ရတယ်။ အဲဒီအဖုလေးတွေက ကယ်လ်ဆီယမ်ကာဘွန်နိတ်ဖြစ်ပြီး အရည်အသွေးကောင်းတဲ့ မှန်ဘီလူးသေးသေးလေးတွေဖြစ်တယ်။ အဲဒါတွေက သူတို့အောက်မှာရှိတဲ့ အလင်းအာရုံခံအာရုံကြောတွေဆီ အလင်းရောက်စေတယ်။ မှန်ဘီလူးတွေရဲ့ပုံစံက ပုံရိပ်ရရှိဖို့ လိုအပ်တဲ့ပုံစံအတိအကျပဲ။

“နှစ်မျိုးအကျိုးရှိတဲ့ ကြွပ်ဆတ်ကြယ်ငါးရဲ့အခွံဟာ အရေးကြီးတဲ့အချက်တစ်ခုကို သိရှိစေတယ်၊ အဲဒါကတော့ ဇီဝဗေဒမှာ အရာဝတ္ထုတစ်ခုဟာ တစ်မျိုးထက်မက အသုံးဝင်နိုင်တယ်ဆိုတဲ့အချက်ပဲ” လို့ ဓာတုဗေဒပညာရှင် ဂျိုအဲနာ အိုင်ဇင်ဘာ ကဆိုတယ်။

သုတေသီတွေက ကြွပ်ဆတ်ကြယ်ငါးကို လေ့လာကြည့်ပြီးတဲ့နောက် ကယ်လ်ဆီယမ်ကာဘွန်နိတ်နဲ့လုပ်ထားတဲ့ မှန်ဘီလူးနန်းကြိုးမျှင်တွေကို လွယ်လွယ်ကူကူ၊ သက်သက်သာသာ ထုတ်လုပ်နိုင်တဲ့နည်းကို တွေ့ ရှိလာကြတယ်။ ကယ်လ်ဆီယမ်ကာဘွန်နိတ် မှန်ဘီလူးနန်းကြိုးမျှင်တွေကို အသုံးပြုနိုင်မယ့် နေရာတော်တော်များများရှိတယ်။ တစ်နေရာကတော့ အနီအောက် ရောင်ခြည်နဲ့ အချက်အလက်ပေးပို့ဖို့ ဖန်မျှင်နန်းကြိုးကိုသုံးနေတဲ့ ဆက်သွယ်ရေးစနစ်မှာဖြစ်တယ်။

သင် ဘယ်လိုထင်ပါသလဲ။ ကြွပ်ဆတ်ကြယ်ငါးရဲ့ “မြင်နိုင်စွမ်း”ရှိတဲ့ အရိုးဟာ သူ့အလိုလိုဖြစ်လာနိုင်သလား။ ဒါမှမဟုတ် စနစ်တကျ ပုံစံရေးဆွဲခံထားရတာလား။