မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ့်​အနာဂတ်​ကို ကိုယ်တိုင် ရွေးချယ်​နိုင်

ကိုယ့်​အနာဂတ်​ကို ကိုယ်တိုင် ရွေးချယ်​နိုင်

ယေဟောဝါ ဘုရားသခင်ဟာ လွန်ခဲ့တဲ့ အနှစ် ၃,၅၀၀ ခန့်​က မိမိကို ဝတ်ပြု​ကိုးကွယ်​သူတွေကို လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ်​ရဖို့ ဘာလုပ်​ရမယ်ဆိုတာ ပြော​ခဲ့တယ်။ “အသက်ရှင်ခြင်းနဲ့ သေခြင်း၊ ကောင်းချီး​နဲ့ ကျိန်စာ​ကို ခင်ဗျား​တို့​ရှေ့​မှာ ချထား​တယ်။ ကိုယ်တိုင်​ရော သားမြေးတွေပါ အသက်ဆက်ရှင်​နိုင်​ဖို့ အသက်ရှင်ခြင်းကို ရွေးချယ်​ပါ။”—တရားဟောရာ ၃၀:၁၉

အဲဒီ​လူတွေဟာ ကောင်းမွန်​တဲ့ အနာဂတ်​ရဖို့ ရွေးချယ်မှု မှန်ကန်​ရမယ်။ အခု ကျွန်တော်​တို့​လည်း ရွေးချယ်​ရမှာ ဖြစ်တယ်။ လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ်​ရဖို့ ဘာကို ရွေးချယ်​ရမယ်ဆိုတာ သမ္မာကျမ်းစာ​မှာ ရှင်းပြ​ထား​တယ်– “ယေဟောဝါ​ဘုရား​ကို ချစ်​မြတ်နိုးကြ​ပါ။ ဘုရား​ရဲ့​စကား​ကို နားထောင်ပါ။”—တရားဟောရာ ၃၀:၂၀

ဘယ်လိုနည်းနဲ့ ယေဟောဝါ​ဘုရား​ကို ချစ်​မြတ်နိုး​ပြီး ဘုရား​ရဲ့ စကား​ကို နားထောင်​နိုင်​သလဲ

သမ္မာကျမ်းစာ​ကို လေ့လာ​ပါ– ယေဟောဝါ​ဘုရား​ကို ချစ်​မြတ်နိုး​ဖို့ အရင်ဆုံး ကျမ်းစာ​ထဲ​ကနေ ဘုရား​အကြောင်း လေ့လာ​ဖို့​လိုတယ်။ အဲဒီလို လေ့လာ​တဲ့​အခါ ဘုရားသခင်ဟာ မေတ္တာရှင်​ဖြစ်တယ်၊ ကိုယ့်​အတွက် အကောင်းဆုံး​ကို လိုလားတယ်​ဆိုတာ သိလာ​လိမ့်မယ်။ ‘ဘုရားသခင်ဟာ ဂရုစိုက်​တဲ့​အရှင် ဖြစ်လို့’ မိမိ​ထံ ဆုတောင်း​ဖို့ ကျွန်တော်​တို့ကို ဖိတ်ခေါ်​ထား​တယ်။ (၁ ပေတရု ၅:၇) ယေဟောဝါ​ဘုရား​နဲ့ ရင်းနှီး​ဖို့ ကြိုးစား​မယ်​ဆိုရင် “ဘုရားသခင်​လည်း ခင်ဗျား​တို့​နဲ့ ရင်းနှီး​လာလိမ့်မယ်” လို့ သမ္မာကျမ်းစာ ကတိပေး​ထား​တယ်။—ယာကုပ် ၄:၈

သိလာတာတွေကို ကျင့်သုံး​ပါ– ဘုရား​စကား နားထောင်တယ်​ဆိုတာ သမ္မာကျမ်းစာ​မှာပါတဲ့ ဘုရား​ရဲ့ ပညာရှိ​လမ်းညွှန်ချက်​အတိုင်း လိုက်နာတာကို ဆိုလိုတယ်။ “ဒါဆိုရင် ဘဝ​လမ်းခရီး အောင်မြင်​ပြီး ဉာဏ်​ပညာရှိရှိ လုပ်ဆောင်​နိုင်​မယ်။”—ယောရှု ၁:၈