မာတိကာဆီ ကျော်သွား

လူတွေ ဘာကြောင့် သေရတာလဲ

လူတွေ ဘာကြောင့် သေရတာလဲ

သမ္မာကျမ်းစာ ဖြေဆိုရာ

 လူတွေသေသွားတဲ့အခါ၊ အထူးသဖြင့် ကိုယ်ချစ်ရတဲ့သူ သေသွားတဲ့အခါ လူတွေ ဘာကြောင့် သေရတာလဲဆိုပြီး သိချင်ကြတယ်။ ကျမ်းစာမှာ ခုလိုပြောထားပါတယ်– “သေခြင်းတရားကို ဖြစ်စေသော အဆိပ်ဆူးကား အပြစ်တရားဖြစ်၏။”​—၁ ကောရိန္သု ၁၅:၅၆

လူတွေအားလုံး ဘာကြောင့် အပြစ်ရှိပြီး သေကြရတာလဲ

 ပထမဆုံးလူသားတွေဖြစ်တဲ့ အာဒံနဲ့ဧဝတို့ဟာ ဘုရားသခင်ကို ဆန့်ကျင်ပြီး အပြစ်လုပ်ခဲ့တဲ့အတွက် သူတို့သေဆုံးခဲ့ရတယ်။ (ကမ္ဘာဦး ၃:၁၇–၁၉) “အသက်ရဲ့ရင်းမြစ်” ဖြစ်တဲ့ ဘုရားသခင်ကို ပုန်ကန်တဲ့အတွက် ရရှိတဲ့အကျိုးဆက်ဟာ သေခြင်းတရားပဲ ဖြစ်တယ်။​—ဆာလံ ၃၆:၉; ကမ္ဘာဦး ၂:၁၇

 အာဒံက သူ့ရဲ့သားစဉ်မြေးဆက်တွေအပေါ် အပြစ်ရဲ့ဆိုးကျိုးကို လက်ဆင့်ကမ်းပေးခဲ့တယ်။ ကျမ်းစာက အခုလိုပြောတယ်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။” (ရောမ ၅:၁၂) လူအားလုံးဟာ အပြစ်လုပ်လို့ သေကြရတာ ဖြစ်တယ်။​—ရောမ ၃:၂၃

သေခြင်း ဘယ်လို ပပျောက်သွားမလဲ

 ဘုရားသခင်က “သေခြင်းကို အစဉ်အမြဲ ပယ်ဖျက်”ပေးမယ်လို့ ကတိပေးထားတယ်။ (ဟေရှာယ ၂၅:၈သမ္မာ) ဒီလိုလုပ်နိုင်ဖို့ သေခြင်းကိုဖြစ်စေတဲ့ အပြစ်တရားကို ဘုရားသခင် ပပျောက်အောင် လုပ်ရမယ်။ ဘုရားသခင်ဟာ “လောက၏အပြစ်ကို ဖယ်ရှား” ပေးတဲ့ ယေရှုခရစ်ကိုသုံးပြီး အပြစ်တရားကို ဖယ်ရှားပေးမှာဖြစ်တယ်။​—ယောဟန် ၁:၂၉; ၁ ယောဟန် ၁:၇