မာတိကာဆီ ကျော်သွား

ငွေရေးကြေးရေး ပြဿနာတွေကို ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား။

ငွေရေးကြေးရေး ပြဿနာတွေကို ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား။

သမ္မာကျမ်းစာဖြေဆိုရာ

 ကူညီပေးနိုင်ပါတယ်။ အောက်ပါ သမ္မာကျမ်းစာ အကြံပြုချက်လေးရပ်က ငွေရေးကြေးရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကူညီပေးနိုင်ပါတယ်-

  1.  ၁။ ကုန်ကျငွေကို တွက်ချက်ပါ။ “သေချာစွာ ကြိုတင်စဉ်းစား စီစဉ်မှုနှင့် လုံ့လဝီရိယရှိသောသူသည် ချမ်းသာကြွယ်ဝလိမ့်မည်။ အလျင်စလို ပြုလုပ်တတ်သူမူကား အစဉ်ချို့တဲ့၍ နေလိမ့်မည်။” (သုတ္တံ ၂၁:၅ခမ) လျှော့ဈေးနဲ့ရောင်းတိုင်း အလျင်စလို မဝယ်လိုက်ပါနဲ့။ သင် အမှန်တကယ် လိုအပ်တဲ့အရာနဲ့ ဘယ်လောက် အကုန်အကျခံမယ်ဆိုတာတွေကို သေချာစဉ်းစားပါ။ ပြီးတော့ သတ်မှတ်ထားတဲ့ ပမာဏအတိုင်း သုံးစွဲပါ။

  2.  ၂။ မလိုအပ်ဘဲ အကြွေးမယူပါနဲ့။ “ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏။” (သုတ္တံ ၂၂:၇) သင်ဟာ အခု အကြွေးရှိနေပြီး အကြွေးကို ပေးနေကျအတိုင်း ပုံမှန်မဆပ်နိုင်တော့ဘူးဆိုရင် ဆပ်ငွေအစီအစဉ် ပြောင်းပေးဖို့ ကြွေးရှင်နဲ့ ညှိနှိုင်းပါ။ ဇွဲရှိပါ။ “အဆွေခင်ပွန်းထံသို့ သွား၍ ကိုယ်ကိုနှိမ့်ချလျက် သူ့ကို နှိုးဆော်လော့။ အိပ်မပျော်နှင့်။ မျက်စိမှိတ်၍ မငိုက်နှင့်” ဆိုပြီး သုတ္တံ ၆:၁-၅ မှာဖော်ပြထားသူရဲ့ သဘောထားမျိုး တင်ပြပါ။ ဦးဆုံးအကြိမ် ညှိနှိုင်းပြောဆိုတဲ့အခါ မအောင်မြင်ရင်လည်း ဆက်တောင်းဆိုပါ။

  3.  ၃။ ငွေကို စနစ်တကျ သုံးစွဲပါ။ “ငွေကို တပ်မက်သောသူသည် ကြွယ်ဝခြင်းငှာ အလျင်အမြန်ပြုတတ်၏။ နောက်တစ်ဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ်။” (သုတ္တံ ၂၈:၂၂သမ္မာ) လိုချင်တပ်မက်မှုနဲ့ လောဘက ငွေရေးကြေးရေး ပြဿနာတွေကို ဖြစ်ပေါ်စေရုံသာမက ဝတ်ပြုရေးလုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

  4.  ၄။ ရောင့်ရဲမှုရှိပါ။ “ငါတို့သည် စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ်ရောင့်ရဲနေကြရမည်။” (၁ တိမောသေ ၆:၈) ပျော်ရွှင်မှုနဲ့ ကျေနပ်ရောင့်ရဲမှုကို ငွေနဲ့မဝယ်နိုင်ပါဘူး။ ပျော်ရွှင်တဲ့သူတချို့ဟာ ငွေအများကြီး မပိုင်ဆိုင်ပါဘူး။ သူတို့ပိုင်ဆိုင်ထားတာကတော့ ချစ်မြတ်နိုးရတဲ့ မိသားစုနဲ့ မိတ်ဆွေတွေအပြင် ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေး ဖြစ်ပါတယ်။—သုတ္တံ ၁၅:၁၇; ၁ ပေတရု ၅:၆၊ ၇