မာတိကာဆီ ကျော်သွား

ကျမ်းစာစောင်များ နိဒါန်း

ဒီဗီဒီယိုအတို သင်ခန်းစာတွေက ကျမ်းစာစောင်တွေရဲ့ နောက်ခံအကြောင်းအရာ၊ မာတိကာ စတဲ့ အဖိုးတန်အချက်အလက်တွေကို ဖော်ပြပေးပါတယ်။ ကိုယ်ပိုင် ကျမ်းစာဖတ်ရှု လေ့လာမှုကို တိုးတက်စေဖို့ ဒီသင်ခန်းစာတွေကို သုံးပါ။

သမ္မာကျမ်းစာ နိဒါန်း

ယေရှုခရစ်အုပ်ချုပ်တဲ့ ဘုရားနိုင်ငံတော်အားဖြင့် ယေဟောဝါနာမတော်ကို သန့်ရှင်းမြင့်မြတ်စေမယ်ဆိုတာက သမ္မာကျမ်းစာရဲ့ အဓိကအကြောင်းအရာ ဖြစ်ပါတယ်။ ကျမ်းစာစောင်တွေက အဲဒါကို ဘယ်လို အဆင့်ဆင့်ဖော်ပြသွားသလဲဆိုတာ လေ့လာကြည့်ပါ။

ကမ္ဘာဦးကျမ်း နိဒါန်း

ကမ္ဘာဦးကျမ်းမှာ လူသားတွေရဲ့ မူလအစအကြောင်း၊ ဆင်းရဲဒုက္ခနဲ့ သေခြင်းရဲ့အစအကြောင်း အရေးကြီးတဲ့ အချက်အလက်တွေ ဖော်ပြထားတယ်။

ထွက်မြောက်ရာကျမ်း နိဒါန်း

ဘုရားသခင်က အစ္စရေးတွေကို အီဂျစ်ကျွန်ဘဝကနေ ကယ်နုတ်ပြီး ဆက်ကပ်အပ်နှံထားတဲ့ လူမျိုးတစ်မျိုးအဖြစ် ဖွဲ့စည်းခဲ့တယ်။

ဝတ်ပြုရာကျမ်း နိဒါန်း

ဘုရားသခင်ရဲ့ သန့်ရှင်းမြင့်မြတ်မှုအကြောင်း၊ သန့်ရှင်းစင်ကြယ်ဖို့ ဘာကြောင့် အရေးကြီးကြောင်း ဝတ်ပြုရာကျမ်းမှာ ဖော်ပြထားတာကို ကြည့်ပါ။

တောလည်ရာကျမ်း နိဒါန်း

ယေဟောဝါစကား နားထောင်ဖို့နဲ့ မိမိရဲ့လူမျိုးကို ဦးဆောင်ဖို့ ဘုရား ခန့်အပ်ထားသူတွေကို လေးစားဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ရှုစားပါ။

တရားဟောရာကျမ်း နိဒါန်း

မိမိလူမျိုးကို ယေဟောဝါ ဘယ်လောက် ချစ်မှန်း ပညတ်တရားမှာ ပေါ်လွင်တယ်ဆိုတာ ကြည့်ပါ။

ယောရှုကျမ်း နိဒါန်း

ဘုရား ပေးတဲ့ ပြည်ကို အစ္စရေးတွေ တိုက်ခိုက်သိမ်းပိုက်ပုံ၊ ခွဲဝေပုံကို ကြည့်ပါ။

တရားသူကြီးကျမ်း နိဒါန်း

ဒီကျမ်းထဲမှာ အစ္စရေးလူမျိုးကို ဖိနှိပ်သူတွေ လက်ကနေ ကယ်တင်ဖို့ ဘုရားသခင် အသုံးပြုခဲ့တဲ့ ရဲစွမ်းသတ္တိ ရှိသူ၊ ယုံကြည်ခြင်း ရှိသူတွေအကြောင်း ဖော်ပြထားပါတယ်။

ရုသကျမ်း နိဒါန်း

မုဆိုးမ ဖြစ်နေတဲ့ ယောက္ခမကို ငယ်ရွယ်သူ မုဆိုးမတစ်ဦး ကိုယ်ကျိုးစွန့်မေတ္တာ ပြပုံ၊ နှစ်ဦးစလုံးကို ယေဟောဝါ ကောင်းချီးပေးပုံတို့ကို ရုသကျမ်းမှာ ဖော်ပြထားတယ်။

၁ ရှမွေလကျမ်း နိဒါန်း

အစ္စရေးတွေကို တရားသူကြီးတွေအစား ဘုရင်တွေ အုပ်ချုပ်တဲ့ကာလအကြောင်းကို ကြည့်ပါ။

၂ ရှမွေလကျမ်း နိဒါန်း

ဒါဝိဒ်ရဲ့ နှိမ့်ချမှုနဲ့ ယုံကြည်ခြင်းက ကျမ်းစာဇာတ်ကောင်တွေထဲမှာ ချစ်မြတ်နိုးခံရသူ၊ ကျော်ကြားသူတစ်ဦး ဖြစ်စေပုံကို ရှုစားပါ။

၁ ဘုရင်များကျမ်း နိဒါန်း

ဘုရင်ရှောလမုန် အုပ်ချုပ်မှုအောက်မှာ အစ္စရေးတွေဟာ သာယာဝပြောတဲ့ အခြေအနေနဲ့ နေခဲ့ရပြီး နောက်ပိုင်းမှာတော့ အစ္စရေးနဲ့ ယုဒ ဆိုပြီး နှစ်နိုင်ငံကွဲသွားခဲ့တယ်။

၂ ဘုရင်များကျမ်း နိဒါန်း

မြောက်ပိုင်း အစ္စရေးနိုင်ငံမှာ အယူဖောက်ပြန်မှု လှိုက်စားနေပေမဲ့ ယေဟောဝါက မိမိကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုသူ လူနည်းစုကို ကောင်းချီးပေးခဲ့ပုံအကြောင်း ကြည့်ပါ။

၁ ရာဇဝင်ချုပ်ကျမ်း နိဒါန်း

ဆွေစဉ်မျိုးဆက်စာရင်းကို လေ့လာကြည့်ပါ။ ဘုရားကိုကြောက်ရွံ့သူ ဒါဝိဒ် အစ္စရေးဘုရင်အဖြစ် နန်းတင်ခံရချိန်ကနေ သေဆုံးချိန်အထိ စိတ်ဝင်စားစရာ ဘဝဇာတ်လမ်းကိုလည်း ကြည့်ပါ။

၂ ရာဇဝင်ချုပ်ကျမ်း နိဒါန်း

ယုဒဘုရင်တွေရဲ့ သမိုင်းကြောင်းက ဘုရားသခင်ကို သစ္စာရှိဖို့ အရေးကြီးကြောင်း ပေါ်လွင်ပုံကို ကြည့်ပါ။

ဧဇရကျမ်း နိဒါန်း

အစ္စရေးလူမျိုးကို ဗာဗုလုန် သုံ့ပန်းဘဝကနေ ကယ်တင်ပေးမယ်၊ ဂျေရုဆလင်မြို့မှာ စစ်မှန်တဲ့ ဝတ်ပြုရေး ပြန်ထူထောင်စေမယ်ဆိုတဲ့ ကတိတွေကို ယေဟောဝါ ပြည့်စုံစေခဲ့တယ်။

နေဟမိကျမ်း နိဒါန်း

နေဟမိကျမ်းမှာ မျက်မှောက်ခေတ် စစ်မှန်တဲ့ ဝတ်ပြုသူတွေအတွက် အဖိုးတန် သင်ခန်းစာတွေ ပါရှိတယ်။

ဧသတာကျမ်း နိဒါန်း

ဒီနေ့ခေတ် သူ့လူမျိုးကိုလည်း ဘုရားသခင်က ဘယ်အခြေအနေမျိုးမှာမဆို ကယ်တင်ပေးနိုင်ကြောင်း ပိုယုံကြည်စိတ်ချလာအောင် ဧသတာခေတ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ပြဇာတ်ဆန်ဆန် ဖြစ်ရပ်တွေက ကူညီပေးပါလိမ့်မယ်။

ယောဘကျမ်း နိဒါန်း

ယေဟောဝါကို ချစ်မြတ်နိုးသူအားလုံး စမ်းသပ်ခံရလိမ့်မယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ သမာဓိစောင့်သိနိုင်ကြောင်း၊ ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံနိုင်ကြောင်း ယောဘမှတ်တမ်းက ယုံကြည်စိတ်ချစေတယ်။

ဆာလံကျမ်း နိဒါန်း

ဆာလံကျမ်းက ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံတယ်၊ ကိုယ်တော့်ကို ချစ်တဲ့သူတွေကို ကူညီပြီး နှစ်သိမ့်မှု ပေးတယ်။ ပြီးတော့ မကြာခင် ဘုရားနိုင်ငံတော်အားဖြင့် ဒီကမ္ဘာကို ဘယ်လို ပြောင်းလဲမယ့်အကြောင်း ဖော်ပြတယ်။

ပညာအလိမ္မာကျမ်း နိဒါန်း

စီးပွားရေးကိစ္စကနေ မိသားစုအရေးကိစ္စအထိ ဘဝကဏ္ဍတိုင်းနဲ့ သက်ဆိုင်တဲ့ ဘုရားရဲ့ လမ်းညွှန်ချက်တွေ ရယူပါ။

ဒေသနာကျမ်း နိဒါန်း

ဘုရင်ရှောလမုန်က ဒေသနာကျမ်းမှာ ဘဝအတွက် တကယ် အရေးပါတဲ့ ဘုရားရေးရာ ဉာဏ်ပညာတွေကို ဖော်ပြထားပြီး အဲဒါနဲ့ ဆန့်ကျင်တဲ့အရာတွေကို နှိုင်းယှဉ်ဖော်ပြထားတယ်။

ရှောလမုန်သီချင်း နိဒါန်း

သိုးထိန်းလေးအပေါ် ရှုလမိုက် မိန်းကလေးရဲ့ မပြောင်းလဲတဲ့ မေတ္တာကို ‘ယရဲ့ မီးလျှံ’ လို့ ဖော်ပြထားတယ်။

ဟေရှာယကျမ်း နိဒါန်း

ဟေရှာယကျမ်းမှာ ပါတဲ့ အတိအကျ ပြည့်စုံခဲ့တဲ့ ပရောဖက်ပြုချက်တွေက ယေဟောဝါဟာ ကတိပြုချက်တွေကို ပြည့်စုံစေတဲ့အရှင်၊ ကယ်တင်ရှင် ဖြစ်တယ်ဆိုတာကို ပိုယုံကြည်စိတ်ချစေပါတယ်။

ယေရမိကျမ်း နိဒါန်း

ယေရမိဟာ အခက်အခဲတွေ ကြုံပေမဲ့ ပရောဖက်တာဝန်ကို သစ္စာရှိရှိ လုပ်ဆောင်ခဲ့တယ်။ သူ့ရဲ့ ပုံသက်သေကနေ ဒီနေ့ ခရစ်ယာန်တွေ ဘာသင်ယူနိုင်သလဲဆိုတာ ကြည့်ပါ။

မြည်တမ်းစကားကျမ်း နိဒါန်း

ပရောဖက် ယေရမိ ရေးသားတဲ့ မြည်တမ်းစကားကျမ်းမှာ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတဲ့အတွက် ဝမ်းနည်းကြောင်းနဲ့ နောင်တရသူတွေ ဘုရားကရုဏာ ခံစားရပုံကို ဖော်ပြထားတယ်။

ယေဇကျေလကျမ်း နိဒါန်း

ယေဇကျေလဟာ ဘုရားပေးတာဝန် ဘယ်လောက်ပဲ ခက်ခဲပါစေ နှိမ့်ချမှုရှိရှိ၊ သတ္တိရှိရှိ လုပ်ဆောင်ခဲ့တယ်။ သူဟာ ဒီနေ့ခေတ် ကျွန်တော်တို့အတွက် စံနမူနာကောင်းပါပဲ။

ဒံယေလကျမ်း နိဒါန်း

ဒံယေလနဲ့ အဖော်တွေဟာ အခြေအနေ အမျိုးမျိုးအောက်မှာ ယေဟောဝါကို ဆက်သစ္စာရှိခဲ့ကြတယ်။ သူတို့ရဲ့ ပုံသက်သေနဲ့ ပရောဖက်ပြုချက် ပြည့်စုံမှုတွေဟာ အခုအချိန်၊ နောက်ဆုံးသောကာလအတွက် အကျိုးရှိတယ်။

ဟောရှေကျမ်း နိဒါန်း

ဒီနေ့အချိန်မှာ အမှားလုပ်မိပြီး နောင်တရသူတွေအပေါ် ယေဟောဝါရဲ့ ကရုဏာပြပုံ၊ ဘုရား နှစ်သက်တဲ့ ဝတ်ပြုရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ သင်ခန်းစာတွေ ဟောရှေရဲ့ ပရောဖက်ပြုချက်တွေထဲမှာ ပါတယ်။

ယောလကျမ်း နိဒါန်း

ယောလဟာ ရောက်လာတော့မယ့် “ယေဟောဝါရဲ့နေ့” နဲ့ လွတ်မြောက်နိုင်တဲ့ နည်းအကြောင်း ပရောဖက်ပြုခဲ့တယ်။ သူ့ရဲ့ ပရောဖက်ပြုချက်က ယနေ့အချိန်မှာ အလွန်အရေးကြီးတယ်။

အာမုတ်ကျမ်း နိဒါန်း

ယေဟောဝါက အရေးကြီးတဲ့ အလုပ်လုပ်ဖို့ ဒီနှိမ့်ချတဲ့ အမျိုးသားကို အသုံးပြုခဲ့တယ်။ အာမုတ်ရဲ့ ပုံနမူနာကနေ ဘယ်အဖိုးတန် သင်ခန်းစာတွေ သင်ယူနိုင်သလဲ။

ဩဗဒိကျမ်း နိဒါန်း

ဩဗဒိကျမ်းဟာ ဟေဗြဲကျမ်းစောင်တွေ ဒါမှမဟုတ် ဓမ္မဟောင်းကျမ်းထဲမှာ အတိုဆုံး ကျမ်းစောင် ဖြစ်တယ်။ ဩဗဒိကျမ်းထဲမှာ မျှော်လင့်ချက်အကြောင်းနဲ့ ယေဟောဝါရဲ့ ဘုရင့်အရိုက်အရာကို သံသယ ကင်းရှင်းစေမယ်ဆိုတဲ့ ကတိတွေပါတယ်။

ယောနကျမ်း နိဒါန်း

ပရောဖက်ဟာ ဆုံးမမှုကို လက်ခံခဲ့၊ တာဝန် ကျေပွန်ခဲ့တယ်။ ဘုရားရဲ့ ခိုင်မြဲတဲ့မေတ္တာ၊ ကရုဏာနဲ့ပတ်သက်တဲ့ အရေးကြီး သင်ခန်းစာ သင်ပေးခံခဲ့ရတယ်။ သူ့ရဲ့ အတွေ့အကြုံက သင့်စိတ်နှလုံးကို ထိမိပါလိမ့်မယ်။

မိက္ခာကျမ်း နိဒါန်း

ယေဟောဝါ တောင်းဆိုတာတွေက ကျိုးကြောင်းညီညွတ်ပြီး အကျိုးပြုကြောင်း ဒီပရောဖက်ပြုချက်က ယုံကြည်စိတ်ချမှု တိုးများစေတယ်။

နာဟုံကျမ်း နိဒါန်း

ဒီပရောဖက်ပြုချက်က ယေဟောဝါဟာ မိမိစကားကို အမြဲ ပြည့်စုံစေမယ်၊ ဘုရားနိုင်ငံတော်အောက် ငြိမ်သက်ခြင်းနဲ့ ကယ်တင်ခြင်း ရှာဖွေသူအားလုံးကို နှစ်သိမ့်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။

ဟဗက္ကုတ်ကျမ်း နိဒါန်း

မိမိလူမျိုးကို ကယ်တင်နိုင်တဲ့ အကောင်းဆုံးအချိန်နဲ့ အကောင်းဆုံးနည်းကို ယေဟောဝါ အမြဲ သိတယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။

ဇေဖနိကျမ်း နိဒါန်း

ယေဟောဝါရဲ့နေ့ ရောက်လာမှာ မဟုတ်ဘူးလို့ ဘာကြောင့် မစဉ်းစားသင့်သလဲ။

ဟဂ္ဂဲကျမ်း နိဒါန်း

ကိုယ်ရေးကိုယ်တာထက် ဝတ်ပြုရေးကို ဦးစားထားဖို့ အရေးကြီးကြောင်း ပရောဖက်ပြုချက်က အလေးပေး ဖော်ပြတယ်။

ဇာခရိကျမ်း နိဒါန်း

စိတ်အာရုံတွေ၊ ပရောဖက်ပြုချက်တွေဟာ ရှေးအချိန်က ဘုရားလူမျိုးကို ခွန်အားရှိစေခဲ့တယ်။ အခုချိန်မှာလည်း ယေဟောဝါရဲ့ ထောက်မမှုကို ကျွန်တော်တို့ ဆက်ရရှိနေကြောင်း အဲဒီပရောဖက်ပြုချက်တွေက စိတ်ချစေတယ်။

မာလခိကျမ်း နိဒါန်း

ဘုရားသခင်ရဲ့ မပြောင်းလဲတဲ့ မူတွေ၊ ကရုဏာနဲ့ မေတ္တာအကြောင်း ပရောဖက်ပြုချက် ဖြစ်တယ်။ ပရောဖက်ပြုချက်မှာ ကျွန်တော်တို့ခေတ် အခြေအနေတွေအတွက် အရေးကြီးတဲ့ သင်ခန်းစာတွေလည်း ပါတယ်။

မဿဲကျမ်း နိဒါန်း

ခရစ်ဝင်ကျမ်း လေးစောင်ထဲမှာ ဦးဆုံးကျမ်း ဖြစ်တဲ့ မဿဲကျမ်းရဲ့ အဓိက အချက်အလက်တွေကို လေ့လာကြည့်ပါ။

မာကုကျမ်း နိဒါန်း

ဘုရားသခင့်နိုင်ငံတော်မှာ ဘုရင်အဖြစ် ယေရှု အုပ်ချုပ်တဲ့အခါ လုပ်ဆောင်မယ့်အရာတွေကို ခရစ်ဝင်ကျမ်းတွေထဲမှာ အတိုဆုံး ဖြစ်တဲ့ မာကုကျမ်းမှာ အရိပ်အမြွက် ဖော်ပြထားတယ်။

လုကာကျမ်း နိဒါန်း

လုကာခရစ်ဝင်ကျမ်းမှာပါတဲ့ ဘယ်အချက်တွေက ထူးခြားသလဲ။

ယောဟန်ကျမ်း နိဒါန်း

ယောဟန်ရဲ့ မှတ်တမ်းထဲမှာ လူသားတွေအပေါ်ထားတဲ့ ယေရှုရဲ့ မေတ္တာနဲ့ နှိမ့်ချမှု ပုံနမူနာအပြင် ယေရှုဟာ အနာဂတ် ဘုရားသခင့် နိုင်ငံတော်ဘုရင် မေရှိယ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တမန်တော်ကျမ်း နိဒါန်း

အစောပိုင်း ခရစ်ယာန်တွေဟာ လူမျိုးအပေါင်းက လူတွေကို ယေရှုတပည့် ဖြစ်စေဖို့ ကြိုးစားခဲ့ကြတယ်။ အမှုဆောင်လုပ်ငန်းမှာ စိတ်အားထက်သန်လာအောင် တမန်တော်ကျမ်းက ကူညီပေးနိုင်ပါတယ်။

ရောမကျမ်း နိဒါန်း

ယေဟောဝါရဲ့ မျက်နှာမလိုက်မှုအကြောင်း၊ ယေရှုခရစ်ကို ယုံကြည်ဖို့ အရေးကြီးကြောင်း လမ်းညွှန်ချက်။

၁ ကောရိန္သုကျမ်း နိဒါန်း

ပေါလုရဲ့စာမှာ စည်းလုံးခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ အစဉ်တည်တဲ့ မေတ္တာအကြောင်းတွေ ပါတယ်။

၂ ကောရိန္သုကျမ်း နိဒါန်း

‘နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ ဘုရားသခင်’ ယေဟောဝါဟာ မိမိရဲ့ ကျေးကျွန်တွေကို ခွန်အားပေး ထောက်မတယ်။

ဂလာတိကျမ်း နိဒါန်း

ဂလာတိ အသင်းသားတွေဆီ ရေးခဲ့တဲ့ ပေါလုရဲ့ စာဟာ စာရေးခဲ့တဲ့ အချိန်တုန်းကလိုပဲ အခုချိန်မှာလည်း သက်ဆိုင်နေဆဲပဲ။ ခရစ်ယာန်စစ်အားလုံး ဆက်သစ္စာရှိနေဖို့ ကူညီပေးတယ်။

ဧဖက်ကျမ်း နိဒါန်း

ယေရှုခရစ်ကတစ်ဆင့် ငြိမ်သက်မှု၊ စည်းလုံးမှု ရရှိစေမယ့် ဘုရားရဲ့ ရည်ရွယ်ချက်အကြောင်း ဒီကျမ်းမှာ အလေးပေး ဖော်ပြထားတယ်။

ဖိလိပ္ပိကျမ်း နိဒါန်း

အခက်အခဲတွေကြားမှာ ကျွန်တော်တို့ အခိုင်အမာ ရပ်တည်တဲ့အခါ တခြားသူတွေကိုလည်း အခိုင်အမာ ရပ်တည်ဖို့ အားပေးမှု ဖြစ်စေနိုင်တယ်။

ကောလောသဲကျမ်း နိဒါန်း

သိလာတာတွေကို ကျင့်သုံးခြင်း၊ အချင်းချင်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ခြင်း၊ ယေရှုရဲ့ ရာထူးနဲ့ အခွင့်အာဏာကို အသိအမှတ်ပြုခြင်းအားဖြင့် ယေဟောဝါရဲ့ နှစ်သက်မှုကို ရနိုင်ပါတယ်။

၁ သက်သာလောနိတ်ကျမ်း နိဒါန်း

ကျွန်တော်တို့ဟာ နိုးနိုးကြားကြား ရှိဖို့၊ “အရာရာကို မှန်မမှန် အသေအချာ စစ်ဆေး” ဖို့၊ “အမြဲမပြတ် ဆုတောင်းနေ” ဖို့၊ အချင်းချင်း အားပေးဖို့ လိုတယ်။

၂ သက်သာလောနိတ်ကျမ်း နိဒါန်း

ယေဟောဝါရဲ့နေ့ ရောက်ရှိခြင်းနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ ရှုမြင်ချက်ကို ပေါလု ပြုပြင်ပေးတယ်။ ညီအစ်ကိုတွေကို ယုံကြည်ခြင်း ခိုင်မြဲနေဖို့ အားပေးတယ်။

၁ တိမောသေကျမ်း နိဒါန်း

အသင်းတော်မှာ အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ သတ်မှတ်ဖို့၊ မှားယွင်းတဲ့ သွန်သင်ချက်တွေနဲ့ ငွေတပ်မက်တဲ့စိတ်ကို တွန်းလှန်ဖို့ သတိပေးချက်အနေနဲ့ တိမောသေ ပထမစောင်ကို တမန်တော်ပေါလု ရေးခဲ့တယ်။

၂ တိမောသေကျမ်း နိဒါန်း

ဘုရားပေးတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ဖို့ တိမောသေကို ပေါလု အားပေးတယ်။

တိတုကျမ်း နိဒါန်း

ပေါလုရဲ့စာမှာ ခရိကျွန်းကအသင်းတော်တွေမှာ ဖြစ်နေတဲ့ ပြဿနာအကြောင်းနဲ့ အကြီးအကဲတွေ ပြည့်မီရမယ့် အရည်အချင်းတွေအကြောင်း ဖော်ပြထားတယ်။

ဖိလေမုန်ကျမ်း နိဒါန်း

တိုပြီး ထိရောက်တဲ့ ဒီစာမှာ နှိမ့်ချမှု၊ ကြင်နာမှု၊ ခွင့်လွှတ်မှုအကြောင်း လက်တွေ့ကျ သင်ခန်းစာတွေ ပါတယ်။

ဟီဘရူးကျမ်း နိဒါန်း

ခရစ်ယာန်တွေရဲ့ ဝတ်ပြုရေးဟာ ဗိမာန်တော်၊ တိရစ္ဆာန် ပူဇော်သက္ကာတွေထက် ပိုသာလွန်တဲ့အရာတွေပေါ် အခြေခံတယ်။

ယာကုပ်ကျမ်း နိဒါန်း

ယာကုပ်ဟာ အရေးကြီးတဲ့ ခရစ်ယာန် အခြေခံမူတွေကို စကားလုံးတွေနဲ့ ပီပီပြင်ပြင် ပုံဖော်သွန်သင်ထားတယ်။

၁ ပေတရုကျမ်း နိဒါန်း

တက်တက်ကြွကြွရှိဖို့၊ စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားဆီပုံအပ်ဖို့ ပေတရုရဲ့ ပထမစာမှာ ကျွန်တော်တို့ကို အားပေးထားတယ်။

၂ ပေတရုကျမ်း နိဒါန်း

ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို စောင့်မျှော်နေချိန်မှာ သစ္စာရှိကြဖို့ ပေတရုရဲ့ ဒုတိယစာမှာ အားပေးထားတယ်။

၁ ယောဟန်ကျမ်း နိဒါန်း

ယောဟန်ရဲ့စာထဲမှာ ခရစ်တော်ကို ဆန့်ကျင်သူအကြောင်း သတိပေးထားတယ်။ ချစ်သင့်တဲ့အရာ၊ မချစ်သင့်တဲ့အရာကို တွေ့မြင်အောင် ကူညီပေးတယ်။

၂ ယောဟန်ကျမ်း နိဒါန်း

အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေဖို့၊ လှည့်ဖြားသူတွေကို သတိထားဖို့ ယောဟန်ရဲ့ ဒုတိယစာမှာ သတိပေးထားတယ်။

၃ ယောဟန်ကျမ်း နိဒါန်း

ယောဟန် တတိယစောင်က ခရစ်ယာန်ဧည့်ဝတ်ပြုမှုအကြောင်း သင်ပေးတယ်။

ယုဒကျမ်း နိဒါန်း

ခရစ်ယာန်တွေကို လှည့်ဖြားပြီး ဖျက်ဆီးဖို့ ကြိုးစားသူတွေရဲ့ စဉ်းလဲတဲ့ နည်းလမ်းတွေကို ယုဒ ဖော်ထုတ် ရှင်းပြခဲ့တယ်။

ဗျာဒိတ်ကျမ်း နိဒါန်း

ဗျာဒိတ်ကျမ်းမှာပါတဲ့ စိတ်စွဲမှတ်ဖွယ် စိတ်အာရုံတွေက လူသား၊ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားရဲ့ ရည်ရွယ်ချက်ကို ဘုရားသခင့်နိုင်ငံတော် ဘယ်လို ပြည့်စုံစေမယ်ဆိုတာ ဖော်ပြတယ်။

ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ

စာအုပ်စာစောင်များ

သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း

ကျမ်းစာရဲ့ အဓိကအကြောင်းအရာက ဘာလဲ။