မာတိကာဆီ ကျော်သွား

ဇွန် ၂၄၊ ၂၀၁၉
အီကွေဒေါ

အီကွေဒေါနိုင်ငံ၊ ဂိုင်ယာခေးမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး

အီကွေဒေါနိုင်ငံ၊ ဂိုင်ယာခေးမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
  • နေ့စွဲ– ဇွန် ၁၄-၁၆၊ ၂၀၁၉

  • နေရာ– အီကွေဒေါနိုင်ငံ၊ ဂိုင်ယာခေးမြို့၊ အီစတာဒီယို မိုညူမန်တာလ် ဘန်ကို ဘီဂျင်းဂျာ အားကစားကွင်း

  • ဘာသာစကား– အီကွေဒေါ လက်သင်္ကေတပြစကား၊ အင်္ဂလိပ်၊ စပိန်

  • အများဆုံးတက်ရောက်သူ– ၅၃,၀၅၅

  • နှစ်ခြင်းခံသူ အရေအတွက်– ၇၀၂

  • အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၅,၃၀၀

  • ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ဘိုလီးဗီးယား၊ ဗဟို အမေရိက၊ ကိုလံဘီယာ၊ ကျူးဘား၊ ကာဇက်စတန်၊ ကိုရီးယား၊ မော်ဒိုဗာ၊ မြန်မာ၊ ပိုလန်၊ စပိန်၊ အမေရိကန်

  • တွေ့ကြုံမှု– အားကစားကွင်းပိုင်ရှင် ဘာစီလိုနာ အားကစားအသင်းရဲ့ ဥက္ကဋ္ဌ ဟိုဆေး ဖရန်ဆီကို ဆဗိုင်ယို ဒီလိုပြောတယ်– “အရင်ကရော၊ အခုရော ခင်ဗျားတို့ရဲ့ အစည်းအဝေးတွေနဲ့ပတ်သက်လို့ တစ်ခါမှ ပြဿနာ မရှိခဲ့ဖူးဘူး။ အဲဒါက ခင်ဗျားတို့ရဲ့ အစည်းအဝေးအားလုံးမှာ တွေ့ရတဲ့အတိုင်း ခင်ဗျားတို့ဟာ အမူအကျင့်ကောင်းတယ်၊ စည်းစနစ်ကျတယ်ဆိုတဲ့ သက်သေပဲ။ ဒီလို စီစဉ်ဖွဲ့စည်းဖို့ မလွယ်ပေမဲ့ ခင်ဗျားတို့ အမြဲ အဲဒီအတိုင်းလုပ်တယ်။ ခင်ဗျားတို့က လူကောင်းတွေ၊ ပညာတတ်တွေ၊ အမူအကျင့်ကောင်းသူတွေ၊ စနစ်ကျသူတွေပဲ။ ဘယ်မြို့၊ ဘယ်နိုင်ငံမှာပဲဖြစ်စေ ယေဟောဝါသက်သေတွေကို လက်ခံဖို့ ကျွန်တော်တို့ အခိုင်အမာ ထောက်ခံပါတယ်။”

 

အီကွေဒေါ ဗေသလကို လည်ပတ်ချိန်အတွင်း ကိုယ်စားလှယ်တွေ ဓာတ်ပုံရိုက်နေကြစဉ်

ကိုယ်စားလှယ်တွေနဲ့ ဒေသခံ ညီအစ်ကို/မတွေ အတူ အမှုဆောင်နေကြစဉ်

အစည်းအဝေး ပထမနေ့မှာ အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ်တွေ အတူတကွ သီချင်း ဆိုနေကြစဉ်

ညီအစ်ကို/မသစ် ၇၀၂ ယောက် နှစ်ခြင်းခံနေကြစဉ်

အစီအစဉ်မှာ ကိုယ်စားလှယ်တွေ မှတ်ချက်ယူနေကြစဉ်

ကိုယ်စားလှယ်တွေ ကိုရီးယားလို ချစ်ဆိုတဲ့ အမှတ်အသား ပြနေစဉ်

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ကဲန်နက် ကွတ် အစည်းအဝေးရဲ့ စနေနေ့ နိဂုံးချုပ်ဟောပြောချက် ပေးနေစဉ်

အစည်းအဝေး နောက်ဆုံးနေ့မှာ ဧည့်သည် အထူးအချိန်ပြည့် အမှုဆောင်တွေ လက်ဝှေ့ယမ်းပြနေစဉ်

အထူးညနေခင်း ဖျော်ဖြေမှုမှာ ဒေသခံ ညီအစ်ကို/မတွေက ကိုယ်စားလှယ်တွေကို ကပြနေကြစဉ်