မာတိကာဆီ ကျော်သွား

၂၀၂၄ ခုနှစ်၊ မတ် ၂၁ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

ဘိုလီးဗီးယားနဲ့ ကိုလံဘီယာ အထူးဟောပြောခြင်းကင်ပိန်းမှာ လူထောင်ပေါင်းများစွာကို ဟောပြော

ဘိုလီးဗီးယားနဲ့ ကိုလံဘီယာ အထူးဟောပြောခြင်းကင်ပိန်းမှာ လူထောင်ပေါင်းများစွာကို ဟောပြော

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ အထိ ဘိုလီးဗီးယားနဲ့ ကိုလံဘီယာနိုင်ငံတစ်ဝန်းမှာ ယေဟောဝါသက်သေ ၁၉,၀၀၀ ကျော် အထူးဟောပြောခြင်းကင်ပိန်းမှာ ပါဝင်ခဲ့ကြတယ်။ ကျမ်းစာမျှော်လင့်ချက်ကို စပိန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ လက်သင်္ကေတပြစကားအပါအဝင် ဘာသာစကား ၁၈ မျိုးနဲ့ ဟောပြောခဲ့ကြတယ်။

ဘိုလီးဗီးယားနိုင်ငံမှာ သတင်းကောင်း ဟောပြောနေကြ

ကိုလံဘီယာနိုင်ငံ၊ ဂွါတာလူးပေမြို့မှာ အိမ်ရှင်မတစ်ယောက် တံခါးလာဖွင့်ပြီး “ရှင်တို့ကို ကျွန်မတို့ စောင့်နေကြတာ” လို့ပြောလိုက်လို့ စပိန်စကားပြော ညီအစ်ကို အံ့အားသင့်သွားတယ်။ ဘာသာရေးပွဲတော်တစ်ခုကို ကျင်းပသင့်မသင့် သိပ်မကြာခင်ကပဲ ခင်ပွန်းနဲ့ ဆွေးနွေးနေကြတာလို့ ပြောပြတယ်။ သူ့ခင်ပွန်းက ညီအစ်ကိုတွေ အနီးအနားမှာ ဟောပြောနေတာကို တွေ့ထားတဲ့အတွက် သိပ်မကြာခင် သူတို့အိမ်ရောက်လာပြီး သိချင်တဲ့ မေးခွန်းတွေကို ဖြေပေးမယ်ဆိုတာ သိနေတယ်။ ညီအစ်ကိုတွေက အဲဒီမိသားစုကို ကျမ်းစာသွန်သင်ရာ ရှင်းပြပေးကြတယ်။ တစ်ယောက်ယောက် ဆက်လည်ပတ်ပေးနိုင်ဖို့လည်း စီစဉ်ပေးခဲ့ကြတယ်။

ကိုလံဘီယာမှာ သတင်းကောင်း ဟောပြောနေ

ဘိုလီးဗီးယားနိုင်ငံ၊ ကွာတရိုကန်ညာဒါမြို့မှာ ညီအစ်မနှစ်ယောက်က စတိုးဆိုင်အပြင်ဘက်မှာ မီဂလီနာလို့ခေါ်တဲ့ အမျိုးသမီးနဲ့ စကားပြောကြတယ်။ ချစ်ရတဲ့သူတစ်ယောက် မကြာသေးခင်ကမှ ဆုံးပါးသွားမှန်း သိသွားကြတော့ ညီအစ်မတွေက သူ့ကို ဗျာဒိတ် ၂၁:၃၊ ၄ ဖတ်ပြကြတယ်။ မီဂလီနာ က ကျမ်းစာအကြောင်း ထပ်သိချင်ပေမဲ့ ဝေးလံခေါင်သီတဲ့ဒေသမှာနေပြီး ဖုန်းလည်း မရှိဘူး။ သိပ်မကြာဘူး၊ အဲဒီမြို့စွန်က အိမ်တစ်အိမ်မှာ မိန်းကလေးတစ်ယောက်ကို ဟောပြောနေတုန်း မမျှော်လင့်ဘဲ မီဂလီနာ အိမ်ထဲကနေ ထွက်လာတယ်။ အဲဒီမိန်းကလေးက မီဂလီနာရဲ့သမီးဖြစ်နေမှန်း သိလိုက်ရလို့ ညီအစ်မတွေ အံ့ဩသွားကြတယ်။ အားလုံး သိပ်ဝမ်းသာသွားပြီး တစ်မိသားစုလုံး ကျမ်းစာလေ့လာနိုင်ဖို့ ညီအစ်မတွေ စီစဉ်ပေးခဲ့ကြတယ်။

“ကမ္ဘာမြေအရပ်ရပ်မှာရှိတဲ့ လူတိုင်းကို” သတင်းကောင်း ဟောပြောနေကြတဲ့ ညီအစ်ကို/မတွေ၊ ကင်ပိန်းမှာပါဝင်တဲ့ ညီအစ်ကို/မတွေရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ သိပ်တန်ဖိုးထားပြီး ကောင်းချီးပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ကောလောသဲ ၁:၂၃