မာတိကာဆီ ကျော်သွား

နာဇီခေတ် အစုလိုက်အပြုံလိုက် သတ်ချိန်မှာ ယေဟောဝါသက်သေတွေ ဘာဖြစ်ခဲ့ကြသလဲ

နာဇီခေတ် အစုလိုက်အပြုံလိုက် သတ်ချိန်မှာ ယေဟောဝါသက်သေတွေ ဘာဖြစ်ခဲ့ကြသလဲ

 ဂျာမနီနဲ့ နာဇီသိမ်းပိုက်ထားတဲ့ နိုင်ငံတွေမှာ ယေဟောဝါသက်သေ ၃၅,၀၀၀ ထဲက ၁,၅၀၀ လောက်ဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေ အစုလိုက်အပြုံလိုက် သတ်ချိန်မှာ သေဆုံးခဲ့တယ်။ သေဆုံးရတဲ့ အကြောင်းရင်းအားလုံးကို မသိရပါ။ ရှာဖွေလေ့လာနေဆဲမို့ နောက်ပိုင်းမှာ ကိန်းဂဏန်းနဲ့ အသေးစိတ် အချက်အလက်တွေ သိလာနိုင်တယ်။

 ဘယ်လို သေဆုံးခဲ့ကြသလဲ

  • နာဇီတွေ အသုံးပြုခဲ့တဲ့ ခေါင်းဖြတ်စက်

      ကွပ်မျက်မှု။ ဂျာမနီနဲ့ နာဇီသိမ်းပိုက်ထားတဲ့ နိုင်ငံတွေမှာ ယေဟောဝါသက်သေ ၄၀၀ နီးပါး ကွပ်မျက်ခံရတယ်။ အများစုဟာ တရားရုံးရဲ့ သေဒဏ် ချမှတ်ခံရပြီး ခေါင်းဖြတ်ခံရကြတယ်။ တချို့ကတော့ တရားဝင် တရားရေး မကြားနာဘဲ သေနတ်နဲ့ ပစ်သတ်ခြင်း၊ ကြိုးပေးခြင်း ခံရတယ်။

  •   ကြမ်းတမ်းတဲ့ ထောင်တွင်း အခြေအနေများ။ နာဇီ ချွေးတပ်စခန်းတွေ၊ ထောင်တွေမှာ ယေဟောဝါသက်သေ ၁,၀၀၀ ကျော် သေဆုံးခဲ့ကြတယ်။ အလုပ်ဒဏ်၊ အအေးဒဏ်၊ ညှဉ်းပန်းနှိပ်စက်မှု၊ ငတ်မွတ်မှု၊ ဖျားနာမှု၊ ဆေးကုသမှု ညံ့ဖျင်းမှုတို့ကြောင့် သေဆုံးကြရတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ လွတ်မြောက်သွားကြပေမဲ့ ရက်စက်တဲ့ ညှဉ်းပန်းမှုကြောင့် သိပ်မကြာမီ တချို့ သေဆုံးသွားကြတယ်။

  •   တခြားအကြောင်းရင်းများ။ သက်သေခံတချို့ဟာ ဓာတ်ငွေ့ခန်းတွေမှာ အသတ်ခံရတယ်။ ဆေးစမ်းသပ်မှုအတွက် အစမ်းသပ်ခံတွေ ဖြစ်ကြတယ်။ ဆေးထိုးသတ် ခံရတာလည်း ရှိတယ်။

 ဘာကြောင့် ညှဉ်းပန်းနှိပ်စက် ခံရသလဲ

 ယေဟောဝါသက်သေတွေဟာ ကျမ်းစာသွန်သင်ချက်တွေကို လိုက်နာတဲ့အတွက် နှိပ်စက်ခံကြရတယ်။ နာဇီအစိုးရက ကျမ်းစာ တားမြစ်ထားတာတွေကို လုပ်ဖို့ တောင်းဆိုတဲ့အခါ ယေဟောဝါသက်သေတွေ မလုပ်ကြဘူး။ “လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်” ခဲ့ကြတယ်။ (တမန်တော် ၅:၂၉) ကဏ္ဍနှစ်ခုကို သုံးသပ်ကြည့်ပါ။

  1.  ၁။ နိုင်ငံရေးမှာ ကြားနေခြင်း။ ယနေ့ နိုင်ငံတိုင်းမှာရှိတဲ့ ယေဟောဝါသက်သေတွေလိုပဲ နာဇီခေတ်တုန်းက ယေဟောဝါသက်သေတွေလည်း နိုင်ငံရေးမှာ ကြားနေခဲ့ကြတယ်။ (ယောဟန် ၁၈:၃၆) ဒါကြောင့် သူတို့ဟာ

  2.  ၂။ ယုံကြည်ချက်ကို ကျင့်သုံးခြင်း။ ယေဟောဝါသက်သေတွေရဲ့ လုပ်ရပ်ကို ပိတ်ပင်ထားပေမဲ့ ယေဟောဝါသက်သေတွေဟာ

 ယေဟောဝါသက်သေတွေဟာ “နာဇီအုပ်ချုပ်ချိန်အတွင်း ယုံကြည်ချက်ကြောင့် ညှဉ်းပန်းနှိပ်စက်ခံရတဲ့ တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်တယ်” လို့ ပါမောက္ခ ရောဘတ် ဂါဝတ် ပြောတယ်။ a ချွေးတပ်စခန်းတွေမှာရှိတဲ့ တခြားအကျဉ်းသားတွေက ယေဟောဝါသက်သေတွေရဲ့ ခိုင်မြဲတဲ့ရပ်တည်မှုကို ချီးမွမ်းခဲ့ကြတယ်။ “သူတို့က စစ်မတိုက်ကြဘူး။ သူတစ်ပါးကို သတ်မယ့်အစား အသေခံကြတယ်” လို့ ဩစတြီးယား အကျဉ်းသားတစ်ယောက် ပြောခဲ့တယ်။

 ဘယ်နေရာမှာ သေဆုံးခဲ့ကြသလဲ

  •   ချွေးတပ်စခန်းများ။ ယေဟောဝါသက်သေ အများစုဟာ ချွေးတပ်စခန်းတွေမှာ သေဆုံးခဲ့ကြတယ်။ သူတို့တွေဟာ အော့ဇ်ဝစ်၊ ဘူကင်ဝေါ၊ ဒါခါ၊ ဖလိုစန်ဘာ့ခ်၊ မောက်ဟောက်စင်၊ နယူအင်ဂါမာ၊ နီဒါဟာဂန်၊ ရာဗန်ဘရွတ်၊ ဇာခ်စင်ဟောင်ဇင် ချွေးတပ်စခန်းတွေမှာ အကျဉ်းကျခဲ့ကြတယ်။ ဇာခ်စင်ဟောင်ဇင် ချွေးတပ်စခန်းတစ်ခုတည်းမှာပဲ ယေဟောဝါသက်သေ ၂၀၀ လောက် သေဆုံးခဲ့တယ်။

  •   အကျဉ်းထောင်များ။ ယေဟောဝါသက်သေတချို့ဟာ ထောင်ထဲမှာ နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးသွားကြတယ်။ တချို့က စစ်ကြောမေးမြန်းတဲ့ဒဏ်ကြောင့် သေဆုံးကြရတယ်။

  •   ကွပ်မျက်သည့်နေရာများ။ ယေဟောဝါသက်သေတွေကို ဘာလင် ပလွတ်ဇန်ဆီ၊ ဘရန်ဒန်ဘာ့ခ်၊ ဟယ်လီ/ဆယ်လီ အကျဉ်းထောင်တွေမှာ များသောအားဖြင့် ကွပ်မျက်ကြတယ်။ ဒါ့အပြင် တခြားနေရာ ၇၀ မှာလည်း ယေဟောဝါသက်သေတွေ ကွပ်မျက်ခံရတယ်။

 ကွပ်မျက်ခံရသူ တချို့

  •  အမည်– ဟယ်လင်နာ ဂေါ့ဟို

     ကွပ်မျက်ခံရတဲ့နေရာ– ပလွတ်ဇန်ဆီ (ဘာလင်)

     ကလေးနှစ်ယောက်မိခင် ဟယ်လင်နာဟာ အကြိမ်ကြိမ် အဖမ်းခံရတယ်။ ၁၉၃၇ ခုနှစ်၊ စစ်ကြောမေးမြန်းမှုတစ်ခုမှာ ရက်ရက်စက်စက် ညှဉ်းပန်းကြတဲ့အတွက် ကိုယ်ဝန်ပျက်ကျခဲ့တယ်။ ၁၉၄၄၊ ဒီဇင်ဘာ ၈ ရက်နေ့မှာ ဘာလင်မြို့၊ ပလွတ်ဇန်ဆီ အကျဉ်းထောင်မှာ ခေါင်းဖြတ်စက်နဲ့ ကွပ်မျက်ခံခဲ့ရတယ်။

  •  အမည်– ဂါဟတ် လီဘို

     ကွပ်မျက်ခံရတဲ့နေရာ– ဘရန်ဒန်ဘာ့ခ်

     အသက် ၂၀ အရွယ် ဂါဟတ်ဟာ ၁၉၄၃၊ မေ ၆ ရက်နေ့မှာ ခေါင်းဖြတ်ခံရတယ်။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက သူ့အဖေကိုလည်း ဒီအကျဉ်းထောင်မှာပဲ ခေါင်းဖြတ်ခဲ့ကြတယ်။ မိသားစုနဲ့ ဇနီးလောင်းဆီ ရေးတဲ့ နှုတ်ဆက်စာမှာ “သခင့်ဆီက ခွန်အားသာ မရရင် ဒီလမ်းကို လျှောက်နိုင်မှာ မဟုတ်ဘူး” လို့ ရေးခဲ့တယ်။

  •  အမည်– ရူဒေါ့ဖ် အော့ရှနာ

     ကွပ်မျက်ခံရတဲ့နေရာ– ဟယ်လီ/ဆယ်လီ

     ၁၉၄၄၊ စက်တင်ဘာ ၂၂ ရက်၊ ရူဒေါ့ဖ် ခေါင်းဖြတ်ကွပ်မျက်ခံရချိန်မှာ အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ မိခင်ဆီ ရေးတဲ့နှုတ်ဆက်စာမှာ “ဒီလမ်းကို ညီအစ်ကိုများစွာ လျှောက်ခဲ့ကြသလို ကျွန်တော်လည်း လျှောက်မယ်” လို့ ရေးခဲ့တယ်။

a Hitler’s Hangman: The Life of Heydrich, page 105