မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေဟာ သာသနာပြုကြသလား

ယေဟောဝါသက်သေတွေဟာ သာသနာပြုကြသလား

 သာသနာပြုကြပါတယ်။ နိုင်ငံအသီးသီးမှာရှိတဲ့ ယေဟောဝါသက်သေအားလုံးဟာ သာသနာပြုစိတ်ဓာတ်နဲ့ တွေ့သမျှလူတွေကို ကိုယ့်ရဲ့ယုံကြည်ချက်အကြောင်း ပြောဆိုတတ်ကြပါတယ်။​—မဿဲ ၂၈:၁၉၊ ၂၀

 ဒါ့အပြင် သက်သေခံတချို့က ကျမ်းစာမှာပါတဲ့ သတင်းကောင်းကို မကြားရသေးတဲ့ ကိုယ့်နိုင်ငံအတွင်းကဒေသတွေဆီ လည်ပတ်ကြတယ် ဒါမှမဟုတ် ပြောင်းရွှေ့နေထိုင်ကြတယ်။ တချို့ကျတော့ ဟောပြောသွန်သင်ခြင်းလုပ်ငန်းကို တိုးချဲ့ဖို့ နိုင်ငံရပ်ခြားတွေဆီ ပြောင်းရွှေ့သွားကြတယ်။ ယေရှုရဲ့ ဒီကြိုဟောချက် ပြည့်စုံမှုမှာ ပါဝင်ခွင့်ရလို့ သူတို့ ဝမ်းသာကြပါတယ်– ‘သင်တို့သည် မြေကြီးစွန်းတိုင်အောင် ငါ့အကြောင်း သက်သေခံသူများ ဖြစ်ကြလိမ့်မည်။’​—တမန်တော် ၁:၈

 ၁၉၄၃ ခုနှစ်မှာ ယေဟောဝါသက်သေ သာသနာပြုတချို့ကို အထူးသင်တန်းပို့ချဖို့ ကျောင်းတစ်ကျောင်း ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သက်သေခံ ၈,၀၀၀ ကျော်ဟာ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း လို့ခေါ်တဲ့ အဲဒီကျောင်းကို တက်ရောက်ခဲ့ကြတယ်။