မာတိကာဆီ ကျော်သွား

ရတနာ​မြို့တော်​မှာ “လူတွေ​အတွက် ဘုရားပေး​လက်ဆောင်” ကို ပြသ

ရတနာ​မြို့တော်​မှာ “လူတွေ​အတွက် ဘုရားပေး​လက်ဆောင်” ကို ပြသ

ရိုမေးနီးယား​နိုင်ငံက ဂ​လု​ဂျ်-နာ​ပို​ကာ​မြို့ကြီးကို ရတနာ​မြို့တော်​လို့ လူသိ​များ​ကြတယ်။ ၂၀၁၆၊ ဧပြီ ၂၀ ကနေ ၂၄ ရက်​အထိ ကျင်းပတဲ့ ဂေါ​ဒီ​အာ​မုစ် စာအုပ်​ပွဲတော်​မှာ ယေဟောဝါ​သက်သေတွေဟာ ကျမ်းစာမှာ ပါတဲ့ ကိုယ်ကျင့်တရား​နဲ့ ဝတ်ပြုရေး​စံနှုန်းတွေကို ထင်ရှားစေ​ခဲ့​ကြတယ်။ စာအုပ်​ပွဲတော်​မှာ စာအုပ်​ပြခန်း​တစ်ခု ပြသ​ခဲ့​ပြီး ဗီဒီယိုတွေ၊ ကျမ်းစာ​အခြေပြု စာစောင်​တွေ၊ ကျမ်းစာတွေ​ကို စိတ်ဝင်စားသူ ထောင်ချီ​နဲ့ စကားပြော​ခွင့် ရခဲ့တယ်။

စာအုပ်​ပွဲတော်​ကို ကျောင်း​အတော်များများ လာ​လည်ပတ်​ပြီး ဆရာ/မ​တွေ​က ကျောင်းသားတွေကို သက်သေခံတွေရဲ့ စာအုပ်​ပြခန်း​ဆီ ခေါ်လာ​ကြတယ်။ ကျောင်းသားတွေဟာ ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်ပါ ကာတွန်း​ဗီဒီယိုကို ကြိုက်​ကြတယ်။ အတော်များများ​က ကျွန်ုပ်​၏ ကျမ်းစာ​ပုံပြင် စာအုပ် နဲ့ ကလေးတွေကို သင်ပေးပါ စာစောင်​ကို ယူ​ကြတယ်။ ကလေးထိန်း​တစ်ယောက်က ကာတွန်း​ဗီဒီယိုတွေကို တွေ့​ပြီး အလုပ်ဖော်​ကို “ငါ​တို့ ဒီ​ဝက်ဘ်ဆိုက် [www.isa4310.com] ကို ကူး​ထား​ရအောင်။ ဒါမှ ကလေးတွေကို ကာတွန်း​တွေ ပြ​နိုင်မှာ” လို့ ပြောခဲ့တယ်။

ဆယ်ကျော်သက် ကျောင်းသားတွေက​တော့ တက်ဘလက်​နဲ့ ပြထားတဲ့ ကာတွန်း​သရုပ်ဖော် ဗီဒီယိုတွေကို ကြိုက်​ကြတယ်။ တင်ဆက်​ထားတဲ့ ဗီဒီယိုတွေ​ထဲမှာ အချစ်စစ်​အချစ်မှန်လား၊ အရူးအမူး​အချစ်လား လူမှုဆက်သွယ်ရေး​ကွန်ရက်ကို ပညာရှိရှိ အသုံးပြုပါ အနိုင်ကျင့်​သူကို လက်သီး​မ​သုံး​ဘဲ ရင်ဆိုင်​နည်း ဗီဒီယိုတွေ ပါတယ်။

အော်​သို​ဒေါ​က်​ဘုန်းကြီး ဇနီးမောင်နှံဟာ ပြခန်း​ကို အကြိမ်ကြိမ် လာ​ကြည့်ပြီး ကမ္ဘာသစ်​ဘာသာပြန်ကျမ်း နဲ့ စာစောင်​တချို့ ယူ​ကြတယ်။ ကျမ်းစာထဲမှာ ပါတဲ့ “ကျမ်းစာ​စကားလုံးများ အညွှန်း” နဲ့ ယုံကြည်​စိတ်ချ​ရတဲ့ ရင်းမြစ်​တွေ​ကနေ ဘာသာပြန်​ထားတာကို သဘောကျ​ကြောင်း ပြောတယ်။ သက်သေခံတွေကို သူ့​ဖုန်းနံပါတ် ပေးပြီး ကျမ်းစာ​အကြောင်း ဆွေးနွေး​ဖို့ ဆက်သွယ်​နိုင်ကြောင်း ပြောခဲ့တယ်။

အော်​သို​ဒေါ​က် ဘုန်းကြီး​က​တော်​က ကလေးတွေ​အတွက် အချက်အလက်​တွေကို jw.org ဝက်ဘ်ဆိုက်​ထဲ​က ဘယ်​နေရာမှာ တွေ့​နိုင်သလဲ​လို့ မေးတဲ့​အတွက် “ကလေးများ” ကဏ္ဍ​နေရာကို ပြပေး​ခဲ့​ကြတယ်။ အမှန်အတိုင်း ပြောပါ ဗီဒီယိုကို ကြည့်ပြီး တော်​တော် သဘောကျ​သွားတယ်။ ဒီ​ကဏ္ဍ​အပြင် ဝက်ဘ်ဆိုက်​မှာပါတဲ့ တခြား​အသွင်အပြင်တွေကို တွေ့​ပြီးတဲ့နောက် ခင်ပွန်း​ဖြစ်သူက ဝက်ဘ်ဆိုက်ကို “လူတွေ​အတွက် ဘုရားပေး​လက်ဆောင်” လို့ ခေါ်ခဲ့တယ်။