မာတိကာဆီ ကျော်သွား

ဆေးဘက်ဆိုင်ရာ အချက်အလက်များ

အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေဟာ ယေဟောဝါသက်သေ လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်တွေအတွက် အထောက်အကူဖြစ်မယ့် အချက်အလက်တွေ ဖြစ်ပါတယ်။

 

Support for Jehovah’s Witnesses

ယေဟောဝါသက်သေတွေအတွက် ဆေးရုံဆက်သွယ်ရေး ကော်မတီ

သက်သေခံ လူနာတွေကို ကုသနေတဲ့ ဆရာဝန်တွေကို အထောက်အကူ ဖြစ်စေဖို့ ယေဟောဝါသက်သေတွေဟာ ကမ္ဘာချီ ကွန်ရက်တစ်ခုကို ဖွဲ့စည်းတည်ထောင်ထားတယ်။ ဒီမှာ ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကို ဆရာဝန်တွေနဲ့ ဆေးရုံအဖွဲ့အစည်းတွေ ရယူနိုင်ပါတယ်။

ဆေးဘက်ဆိုင်ရာ ကုထုံးတွေ၊ အဲဒါနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေအပေါ် ဘာသာရေးနဲ့ ကျင့်ဝတ်ဆိုင်ရာ ရပ်တည်ချက်

ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုလုပ်ထုံးလုပ်နည်းမှာ ကိုယ့်အသွေးကို အသုံးပြုမှု၊ အဓိက သွေးအစိတ်အပိုင်းတွေကနေ ခွဲထုတ်ထားတာတွေကို အသုံးပြုမှုနဲ့ သက်ဆိုင်တဲ့ ယေဟောဝါသက်သေတွေရဲ့ တရားဝင် ရပ်တည်ချက် အကျဉ်းချုပ် ဖြစ်ပါတယ်။

ဆေးပညာ လုပ်ထုံးများ

သွေးမသွင်းဘဲ ကုသနိုင်တဲ့ နည်းလမ်းများ

ခွဲစိတ်ကုသရမယ့် လူနာတွေအတွက် သင့်တော်မယ့် စိတ်ချရပြီး ထိရောက်တဲ့ နည်းလမ်းတွေကို ခြုံငုံ ဖော်ပြထားပါတယ်။ အဲဒီနည်းလမ်းတွေကတော့ လူနာအမျိုးမျိုးနဲ့ သက်ဆိုင်ပြီး ခွဲစိတ်ကုသနေချိန်တစ်လျှောက် အသုံးပြုနိုင်တဲ့ သတ်သတ်မှတ်မှတ် နည်းတွေ ဖြစ်တယ်။

သားဖွား၊ မီးယပ်လူနာတွေ သွေးသွန်ခြင်း၊ သွေးအားနည်းခြင်း မဖြစ်အောင် ကုသနည်းများ

သားဖွား၊ မီးယပ်လူနာတွေကို သွေးမသွင်းဘဲ ကုသပေးနည်း အကျဉ်းချုပ် ဖော်ပြထားပါတယ်။ မီးဖွားပြီး သွေးသွန်တာကို ဟန့်တားကုသရာမှာ ဒီအပိုင်းကို သုံးနိုင်ပါတယ်။ ကိုးကားချက်ရာနဲ့ချီ လင့်ခ်ပေးထားပါတယ်။

သွေးမသွင်းဘဲ ခွဲစိတ်ကုသမှုခံယူတဲ့ လူနာတွေ သွေးထွက်လွန်ခြင်း၊ သွေးအားနည်းခြင်း မဖြစ်အောင် ထိန်းချုပ် ကုသနည်းများ

သွေးမသွင်းဘဲ ခွဲစိတ်ကုသမှု ခံယူတဲ့ လူနာတွေကို ဒီဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့နည်းတွေနဲ့ သွေးဆုံးရှုံးမှု မရှိအောင် ကုသပေးနိုင်ပါတယ်။ ဆေးပညာရှင်တွေရဲ့ သုံးသပ်ဖော်ပြချက် ၅၀၀ ကျော်ကို လင့်ခ်ပေးထားပါတယ်။

စိုးရိမ်ဖွယ်အဆင့် အစာအိမ်သွေးယိုခြင်း၊ သွေးအားနည်းခြင်းကို သွေးမသွင်းဘဲ ကုသနည်း

အစာအိမ်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း စိုးရိမ်ဖွယ်အဆင့်ကို သွေးမသွင်းဘဲ ကုသနိုင်တဲ့နည်း အကျဉ်းချုပ်ပါ။ ဆေးဂျာနယ်မှာ ပညာရှင်တွေ သုံးသပ်ဖော်ပြထားတဲ့ ကိုးကားချက် ၅၀၀ ကျော်ကိုလည်း လင့်ခ်ပေးထားပါတယ်။

သွေးထွက်လွန်ခြင်းနဲ့ သွေးအားနည်းရောဂါကို သွေးမသွင်းဘဲ ကုသနည်းများ

အထောက်အထားပေါ် အခြေခံတဲ့ ကုသနည်းတွေအပြင် အခြေအနေဆိုးတဲ့ လူနာတွေကို သွေးမသွင်းဘဲ ကုသပေးခဲ့တဲ့ ဆေးပညာရှင်ရဲ့ အကြံဉာဏ်တွေကိုပါ ဖော်ပြထားပါတယ်။ ဆေးဂျာနယ်မှာ ပညာရှင်တွေ သုံးသပ်ဖော်ပြထားတဲ့ ကိုးကားချက် ၅၀၀ ကျော်ကို လင့်ခ်ပေးထားပါတယ်။