ဆာလံ ၄၇:၁-၉

  • ဘုရား​ဟာ မြေတစ်​ခွင်​လုံး​မှာ ဘုရင်​ပဲ

    • “ယေဟောဝါ​ဟာ ရို​သေခန့်​ညား​ဖွယ် ကောင်းလှ” ()

    • ဘုရား​သခင်​ကို ချီး​မွမ်း​သီချင်း​ဆို (၆၊ ၇)

ဂီ​တ​မှူး​သို့။ ကော​ရရဲ့​သား​မြေး​တွေ စပ်​ဆို​တဲ့ သီချင်း။+ ၄၇  လူ​အပေါင်း​တို့၊ လက်​ခုပ်​တီး​ကြ။ ဘု​ရား​သခင်​ဆီ အောင်​သံ​လွှင့်​ပြီး ရွှင်​လန်း​စွာ သီချင်း​ဆို​ကြ။ ၂  အမြင့်​ဆုံး​အရှင် ယေဟောဝါ​ဟာ ရို​သေခန့်​ညား​ဖွယ် ကောင်း​လှ​တယ်။+ မြေတစ်​ခွင်​လုံး​မှာ ကြီးမြတ်​တဲ့ ဘုရင်​ပဲ။+ ၃  ဘု​ရား​က လူ​တွေ​ကို ငါ​တို့​လက်​အောက်​ရောက်​အောင် နှိမ်​နင်း​ပေး​တယ်။ တ​ခြား​လူမျိုး​တွေ​ကို ငါ​တို့​ခြေ​အောက်​မှာ ချ​ထား​တယ်။+ ၄  ငါ​တို့​အတွက် အမွေ​မြေကို ရွေး​ချယ်​ပေး​တယ်။+ အဲဒီ​အမွေ​မြေဟာ ဘု​ရား​ချစ်မြတ်​နိုး​တဲ့ ယာကုပ်​အတွက် ဂုဏ်​ယူ​ဝင့်​ကြွား​စ​ရာ​ပဲ။+ (စဲ​လာ) ၅  လူ​တွေ ရွှင်​လန်း​စွာ သီချင်း​ဆို​တဲ့​အခါ ဘု​ရား​သခင် တက်​သွား​တယ်။ တံ​ပိုး​မှုတ်​လိုက်​တဲ့​အခါ ယေဟောဝါ တက်​သွား​တယ်။ ၆  ဘု​ရား​သခင်​ကို ချီး​မွမ်း​သီချင်း​ဆို​ကြ။ ချီး​မွမ်း​သီချင်း​ဆို​ကြ​ပါ။ ငါ​တို့​ရဲ့​ဘု​ရင်​ကို ချီး​မွမ်း​သီချင်း​ဆို​ကြ။ ချီး​မွမ်း​သီချင်း​ဆို​ကြ​ပါ။ ၇  ဘု​ရား​သခင်​ဟာ မြေတစ်​ခွင်​လုံး​မှာ ဘု​ရင်​ဖြစ်​လို့+ ချီး​မွမ်း​သီချင်း​ဆို​ကြ​ပါ။ ထိုး​ထွင်း​ဉာဏ်​ရှိ​ကြောင်း ပြကြ​ပါ။ ၈  ဘု​ရား​သခင်​ဟာ လူမျိုး​တွေ​ကို အုပ်​စိုး​တဲ့ ဘု​ရင်​ဖြစ်​ပြီ။+ သန့်​ရှင်း​မြင့်မြတ်​တဲ့ ရာ​ဇ​ပလ္လင်​ပေါ်​မှာ နန်း​ထိုင်​ပြီ။ ၉  လူ့​ခေါင်း​ဆောင်​တွေ​က အာဗြဟံ​ကိုးကွယ်​တဲ့ ဘု​ရား​သခင်​ရဲ့ လူမျိုး​နဲ့​အတူ စု​ရုံး​ကြ​တယ်။ ကမ္ဘာ့​အုပ်​စိုး​ရှင်​တွေ​ကို ဘု​ရား​သခင် ပိုင်​တယ်။ ဘု​ရား​သခင်​ဟာ အကြီး​အကျယ် ချီး​မြှောက်​ခံ​ရ​တယ်။+

အောက်ခြေမှတ်ချက်များ