မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ကျမ်းစာက ဘဝကို တိုးတက်စေနိုင်ပုံ

ကျမ်းစာက ဘဝကို တိုးတက်စေနိုင်ပုံ

ကျမ်းစာက ဘဝကို တိုးတက်စေနိုင်ပုံ

ကျမ်းစာဟာ သာမန်​စာအုပ် မဟုတ်ဘူး။ ကျမ်းစာထဲမှာ ဖန်ဆင်းရှင်ဆီက အကြံဉာဏ်တွေပါတယ်။ (၂ တိမောသေ ၃:၁၆) ကျွန်တော်တို့ရဲ့ အသက်တာကို နက်နက်ရှိုင်းရှိုင်း အကျိုး​သက်ရောက်နိုင်တယ်။ ကျမ်းစာမှာ “ဘုရား​သခင်၏ တရား​စကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ၏” လို့ပြောထားတယ်။ (ဟေဗြဲ ၄:၁၂) ကျမ်းစာဟာ ကျွန်တော်တို့ရဲ့ ဘဝကို နည်းနှစ်နည်းနဲ့ တိုးတက်စေနိုင်တယ်။ တစ်နည်းက နေ့စဉ်​အသက်တာအတွက် လမ်းညွှန်ပေးတယ်။ နောက်တစ်နည်းက ဘုရား​သခင်နဲ့ ကိုယ်တော့်​ကတိတွေအကြောင်း သိလာအောင် ကူညီပေးတယ်။—၁ တိမောသေ ၄:၈။ ယာကုပ် ၄:၈

ဘဝကို တိုးတက်​ပြောင်းလဲစေ။ ကျမ်းစာက ဘဝ​ကဏ္ဍတိုင်းကို လမ်းညွှန်ပေးနိုင်တယ်။ ဖော်ပြပါ​ကဏ္ဍတွေအတွက် လက်တွေ့ကျ အကြံဉာဏ်တွေ ကျမ်းစာမှာပါတယ်–

အာရှတိုက်က စုံတွဲတစ်တွဲဟာ ကျမ်းစာ​အကြံပြုချက်တွေရဲ့ တန်ဖိုးကို သိပ်လေးမြတ်သွားတယ်။ အိမ်ထောင်ကျခါစ တခြား​မောင်နှံတွေလိုပဲ သူတို့လည်း စရိုက်တွေကို ပြုပြင်​ပြောင်းလဲဖို့၊ ပွင့်ပွင့်လင်းလင်း ပြောဆို​ဆက်သွယ်ဖို့ အခက်တွေ့ခဲ့ကြတယ်။ ဒါပေမဲ့ ကျမ်းစာမှာ ဖတ်ခဲ့တဲ့အရာတွေကို စပြီး​လက်တွေ့​ကျင့်သုံးခဲ့တယ်။ ရလဒ်ကို ခင်ပွန်း​ဖြစ်သူ ဗင်းဆင့် အခုလိုပြောပြတယ်– “ကျမ်းစာ​ဖတ်ပြီး သိလာတဲ့အရာတွေက အိမ်ထောင်မှာ ကြုံရတဲ့​ပြဿနာကို မေတ္တာနဲ့ ဖြေရှင်းတတ်ဖို့ ကူညီပေးတယ်။ ကျမ်းစာ​စံနှုန်းတွေနဲ့အညီ နေထိုင်တာက နှစ်ယောက်စလုံးကို ပျော်ရွှင်စေတယ်။” ဇနီး​ဖြစ်သူ အဲန်းနာလော့ကလည်း “ကျမ်းစာပါ ပုံနမူနာတွေကို ဖတ်တာက ကျွန်မတို့ကို တော်တော်​အကူအညီ ဖြစ်စေတယ်။ အခုဆိုရင် ကျွန်မတို့​အိမ်ထောင်ဟာ ကျေနပ်​ပျော်ရွှင်ပြီး ဘဝ​ရည်မှန်းချက်တွေနဲ့ ပြည့်ဝနေတယ်” လို့ပြောတယ်။

ဘုရား​သခင်​အကြောင်း ပိုသိရှိစေ။ ဗင်းဆင့်က သူ့​အိမ်ထောင်ရေး​အကြောင်း​သာမက “ကျမ်းစာကို​ဖတ်တဲ့အတွက် ဘုရား​သခင်နဲ့ အရင်ကထက် ပိုပြီး​ရင်းနှီးလာတယ်” လို့လည်း ပြောသေးတယ်။ သူ့စကားက အရေးကြီးတဲ့​အချက်တစ်ခုကို ပေါ်လွင်စေတယ်။ အဲဒါကတော့ ကျမ်းစာဟာ ဘုရား​သခင်နဲ့ ပိုရင်းနှီးလာအောင် ကူညီပေးနိုင်တယ်ဆိုတဲ့ အချက်ပဲ။ ကျမ်းစာဖတ်တဲ့အခါ အဲဒီမှာပါတဲ့ အကြံဉာဏ်တွေကနေ အကျိုးရရှိနိုင်ရုံမက ဘုရားသခင်ကို မိတ်ဆွေ​တစ်ယောက်အနေနဲ့ သိကျွမ်းလာတယ်။ ဒါ့အပြင် ပိုကောင်းတဲ့​အနာဂတ်အကြောင်း ကိုယ်တော် အသေးစိတ်​ဖော်ပြထားတာကိုလည်း သိလာလိမ့်မယ်။ အဲဒီအနာဂတ်မှာ ထာဝစဉ်​အသက်ရှင်ခွင့်ရမယ့် ‘စစ်မှန်တဲ့​အသက်’ ကို ပိုင်ဆိုင်နိုင်မယ်။ (၁ တိမောသေ ၆:၁၉) ဒီလို​အနာဂတ်မျိုးကို တခြား​ဘယ်စာအုပ်ကမှ မပေးနိုင်ဘူး။

ကျမ်းစာ​ကို သင်​စတင်​ဖတ်ရှုနေပြီဆိုရင် ဆက်သာဖတ်ပါ။ သင့်ဘဝ တိုးတက်လာမှာ​ဖြစ်သလို ဘုရား​သခင်​အကြောင်းကိုလည်း ပိုသိလာပါလိမ့်မယ်။ ဒါပေမဲ့ ကျမ်းစာ​ဖတ်နေရင်း မေးစရာ​မေးခွန်းတွေ အများကြီး​ပေါ်လာနိုင်တယ်။ အဲဒီအခါ လွန်ခဲ့တဲ့​နှစ်ပေါင်း ၂,၀၀၀ လောက်မှာ အသက်ရှင်ခဲ့တဲ့ အီသီယိုးပီးယား အရာရှိ​တစ်ယောက်ရဲ့ နမူနာကောင်းကို သတိရပါ။ သူ့မှာလည်း ကျမ်းစာနဲ့ပတ်သက်ပြီး မေးစရာ​မေးခွန်းတွေ အများကြီး ရှိခဲ့တယ်။ ဖတ်နေတဲ့​အရာကို နားလည်သလားလို့ သူ့ကိုမေးတဲ့အခါ “ရှင်းပြမည့်သူ မရှိလျှင် မည်သို့နားလည်နိုင်မည်နည်း” လို့ဖြေခဲ့တယ်။ * အဲဒီနောက် ယေရှုရဲ့ တပည့်​တစ်ဦးဖြစ်သူ ကျမ်းစာ​အကြောင်းသင်ပေးနိုင်တဲ့ ဖိလိပ္ပုရဲ့ အကူအညီကို ဝမ်းသာအားရ သူလက်ခံခဲ့တယ်။ (တမန်တော် ၈:၃၀၊ ၃၁၊ ၃၄) သူ့လိုပဲ သင်လည်း ကျမ်းစာအကြောင်း ပိုသိချင်တယ်ဆိုရင် www.isa4310.com မှာ ကျမ်းစာ​လေ့လာမှု တောင်းဆိုခြင်း​ပုံစံကို ဖြည့်ပါ။ ဒါမှမဟုတ် ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ နီးစပ်ရာ​လိပ်စာ​တစ်ခုခုဆီ စာရေး​ဆက်သွယ်ပါ။ သင့်အနီးအနားက ယေဟောဝါ​သက်သေတွေကို ဆက်သွယ်နိုင်သလို သင့်ဒေသမှာရှိတဲ့ ဝတ်ပြုရာ​ခန်းမဆီကိုလည်း သွားရောက်နိုင်ပါတယ်။ ဒီနေ့ပဲ ကျမ်းစာကို ကောက်ကိုင်ပြီး ဖတ်လိုက်ပါ။ ပိုကောင်းတဲ့​အသက်တာရဖို့ ကျမ်းစာက လမ်းညွှန်ပေးပါစေ။

ကျမ်းစာကို အပြည့်အဝ​ယုံကြည်လို့ရမရ မဝေခွဲနိုင်ရင် သမ္မာ​ကျမ်းစာ​ မှန်ကန်ကြောင်း ဘယ်လို​စိတ်ချနိုင်သလဲ ဗီဒီယိုကို ကြည့်ပါ။ ဒီသင်္ကေတကို scan ဆွဲရင် ဒါမှမဟုတ် jw.org/mya > ဗီဒီယိုများ > သမ္မာကျမ်းစာ အကွက်မှာ​ကြည့်​ရင် အဲဒီ​ဗီဒီယို​ကို တွေ့နိုင်​ပါတယ်။

^ စာပိုဒ်၊ 8 ကျမ်းစာပါ လက်တွေ့ကျ အကြံဉာဏ်တွေရဲ့ နမူနာကို jw.org ဝက်ဘ်ဆိုက်မှာ တွေ့နိုင်တယ်။ သမ္မာကျမ်းစာသွန်သင်ချက်များ > သမ္မာကျမ်းစာမေးခွန်းတွေရဲ့ အဖြေ မှာကြည့်ပါ။

^ စာပိုဒ်၊ 11ဒါဟာ နားလည်မှု လွဲမှားရုံလေးပဲလား” ဆိုတဲ့ ဆောင်းပါးကိုလည်း ကြည့်ပါ။