မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ | အဖြစ်ဆိုး ကြုံရတဲ့အခါ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်မလဲ

ကိုယ်သိပ်ချစ်ရသူတစ်ဦး သေဆုံးသွားတဲ့အခါ

ကိုယ်သိပ်ချစ်ရသူတစ်ဦး သေဆုံးသွားတဲ့အခါ

ဘရာဇီးနိုင်ငံက ရိုနယ်လ်ဒိုဟာ ကားတိုက်မှုကြောင့် သူ့မိဘတွေအပါအဝင် မိသားစုဝင်ငါးယောက်ကို ဆုံးၡုံးခဲ့ရတယ်။ “ကားတိုက်မှုကြောင့် သူတို့သေဆုံးသွားတဲ့အကြောင်း ဆေးရုံတက်ပြီး နှစ်လကြာမှာ ကျွန်တော် သိလိုက်ရတယ်။

“အစပိုင်းမှာတော့ သူတို့သေသွားတယ်ဆိုတာ မယုံနိုင်အောင်ဖြစ်ခဲ့တယ်။ ဒါမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ တကယ်မှန်း သိလိုက်ရတော့ တုန်လှုပ်ချောက်ချားသွားတယ်။ ဒီလို နာကျင်မှုမျိုး တစ်ခါမှ မခံစားဖူးဘူး။ ရက်အတော်ကြာပဲ သူတို့မရှိလို့ ကျွန်တော် ဆက်အသက်မရှင်ချင်တော့ဘူး။ လနဲ့ချီ နေ့တိုင်း ငိုခဲ့ရတယ်။ ကျွန်တော့်ကားကို တခြားသူကိုမောင်းခိုင်းလိုက်တာ အကြီးအကျယ်မှားတာပဲ။ ကိုယ်တိုင် မောင်းခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။

“ဒီလိုနဲ့ ဆယ့်ခြောက်နှစ်တောင် ကြာသွားပြီ။ အခုတော့ ပုံမှန်ဘဝအတိုင်း ပြန်ဖြစ်နေပါပြီ။ အဲဒီအဖြစ်ဆိုးကြောင့် အခုထိ ကျွန်တော့်ရင်ထဲမှာ ဟာနေသေးတယ်။”

အဖြစ်ဆိုးကို ကိုင်တွယ်ဖြေရှင်းခြင်း

ဆုံးၡုံးသွားတာတွေအတွက် ငိုချလိုက်ပါ။ “ငိုရသောအချိန်” ရှိတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေသနာ ၃:၁၊) ရိုနယ်လ်ဒို ဒီလိုပြောတယ်– “ကျွန်တော် ငိုချင်ပြီဆိုရင် ငိုချလိုက်တာပဲ။ မျက်ရည်မကျအောင် ထိန်းထားလို့လည်း မရဘူးဗျာ။ ငိုချလိုက်တော့မှ ပေါ့သွားတယ်။” လူတိုင်း ဝမ်းနည်းပူဆွေးတဲ့ပုံစံ တူမှာမဟုတ်ဘူး။ တချို့က ဝမ်းနည်းပူဆွေးမှုကို ပေါ်ပေါ်ထင်ထင် မပြတတ်ဘူး။ ဒါက ကိုယ့်ရဲ့ခံစားချက်တွေကို ထိန်းချုပ်ထားတယ်၊ ပူဆွေးမှုပြဖို့ ငိုကိုငိုရမယ်လို့ မဆိုလိုပါဘူး။

တစ်သီးပုဂ္ဂလ မနေပါနဲ့။ (သုတ္တံ ၁၈:၁) ရိုနယ်လ်ဒို ဒီလို ဆက်ပြောတယ်– “တစ်သီးပုဂ္ဂလနေချင်တဲ့စိတ်ကို ကျွန်တော် ဖျောက်ပစ်ဖို့ ကြိုးစားခဲ့ရတယ်။ လူတွေ လာလည်တဲ့အခါ သူတို့ကို ကြိုဆိုတယ်။ သူငယ်ချင်းတွေနဲ့ကျွန်တော့်မိန်းမကို ရင်ဖွင့်တယ်။”

ကိုယ့်ကို စိတ်ထိခိုက်စရာစကား လာပြောရင် စိတ်မလှုပ်ရှားပါနဲ့။ ဥပမာ၊ “ဒီလို ဖြစ်တာ ကောင်းပါတယ်” ဆိုတဲ့ စိတ်ထိခိုက်စရာစကားတွေ ဖြစ်နိုင်တယ်။ ရိုနယ်လ်ဒိုက “တချို့ စကားတွေက ကျွန်တော့်ကို နှစ်သိမ့်မှု မပေးဘဲ ပိုတောင် ခံစားရခက်စေတယ်” လို့ ဆိုတယ်။ စိတ်ထိခိုက်စရာစကားတွေကို တနုံ့နုံ့တွေးနေမယ့်အစား “သူတစ်ပါး ပြောသမျှသောစကားတို့ကို မမှတ်နှင့်” ဆိုတဲ့ ကျမ်းစကားကို ကြိုးစားလိုက်နာပါ။—ဒေသနာ ၇:၂၁

လူသေတွေနဲ့ပတ်သက်တဲ့ အခြေအနေမှန်ကို သိအောင်ကြိုးစားပါ။ ရိုနယ်လ်ဒိုက ဒီလိုပြောတယ်– “ဒေသနာကျမ်း ၉:၅ မှာ လူသေတွေက ဘာဝေဒနာမှ မခံစားရဘူးလို့ ပြောထားတာက ကျွန်တော့်ကို စိတ်ချမ်းသာစေတယ်။ ကျမ်းစာမှာ လူသေတွေ အသက်ပြန်ရှင်လာမယ်လို့ ဖော်ပြထားတယ်။ ဒါကြောင့် သေဆုံးသွားတဲ့ ကျွန်တော်ချစ်ရတဲ့သူတွေ ခရီးသွားနေတယ်လို့ပဲ ကျွန်တော် ယူမှတ်ထားတယ်။”—တမန်တော် ၂၄:၁၅

ဒီအချက်ကို သိပါသလား– “အရှင်ထာဝရဘုရားသည်လည်း သေခြင်းကိုအစဉ်အမြဲပယ်ဖျက်” မယ်လို့ သမ္မာကျမ်းစာမှာ ကတိပေးထားတယ်။ *ဟေရှာယ ၂၅:၈သမ္မာ။