မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ပင်လယ်ဇင်ယော်ငှက်ကြီးရဲ့ စွမ်းအင်ချွေတာသုံး ပျံသန်းမှု

ပင်လယ်ဇင်ယော်ငှက်ကြီးရဲ့ စွမ်းအင်ချွေတာသုံး ပျံသန်းမှု

ပျံသန်းတတ်တဲ့ငှက်တွေဟာ အားထုတ်မှုအနည်းငယ်နဲ့ လေထဲမှာ ပျံဝဲနေနိုင်ကြတယ်။ ပင်လယ်ဇင်ယော်ငှက်ကြီး (wandering albatross) က ပိုလို့တောင် တစ်မူထူးတယ်။ တောင်ပံဖြန့်ထားရင် ၁၁ ပေလောက်ရှည်ပြီး ပေါင် ၂၀ နီးပါးအလေးချိန်ရှိတဲ့ ဒီငှက်ကြီးဟာ စွမ်းအင်အနည်းငယ်နဲ့ မိုင်ထောင်ချီပျံသန်းနိုင်တယ်။ အဲဒီလိုပျံနိုင်တဲ့ လျှို့ဝှက်ချက်က သူ့ရဲ့ကိုယ်ခန္ဓာ တည်ဆောက်ပုံနဲ့ ပျံသန်းပုံပျံသန်းနည်းကြောင့် ဖြစ်တယ်။

သုံးသပ်ကြည့်ပါ– ပင်လယ်ဇင်ယော်ငှက် ပျံသန်းနေတဲ့အခါ သူ့တောင်ပံမှာရှိတဲ့ အထူးအရွတ်ကြောက တောင်ပံဖြန့်ကားတဲ့အနေအထားမှာ ပုံသေရှိနေစေဖို့ ထောက်မပေးထားတဲ့အတွက် တောင်ပံကြွက်သားတွေ အသုံးပြုဖို့မလိုဘူး။ ပင်လယ်လေစီးကြောင်းကို ကျွမ်းကျင်စွာအသုံးပြုခြင်းကလည်း နာရီနဲ့ချီပျံသန်းစေနိုင်တဲ့ နောက်လျှို့ဝှက်ချက်တစ်ခု ဖြစ်တယ်။

ပင်လယ်ဇင်ယော်ငှက်ဟာ ပျံတက်တဲ့အခါ၊ လှည့်တဲ့အခါ၊ ထိုးဆင်းတဲ့အခါမှာ စက်ဝိုင်းခြမ်းပုံ ဝှေ့ဝှေ့ပြီးပျံသန်းတဲ့အတွက် လေတွန်းကန်အားရှိပေမဲ့ အရှိန်အဟုန်မပြတ်ပျံသန်းနိုင်ပါတယ်။ ဒီငှက်တွေဟာ ဘယ်လိုကြောင့် ဒီလိုလုပ်ဆောင်နိုင်သလဲဆိုတာကို သိပ္ပံပညာရှင်တွေ မကြာသေးခင်ကမှ ရှာဖွေတွေ့ ရှိခဲ့တယ်။ ခြေရာခံနိုင်တဲ့ အရည်အသွေးမြင့် ကိရိယာတွေ၊ အထူးကွန်ပျူတာတွေကိုသုံးပြီး လေ့လာတဲ့အခါ ပင်လယ်ဇင်ယော်ငှက်ကြီးတွေဟာ လေစီးကြောင်းထဲကိုဝင်တယ်၊ အဲဒီအခါ လေတိုက်တဲ့အရှိန်ကြောင့် လေစီးကြောင်းအပြင် ပြန်ထွက်သွားတယ်။ အဲဒီလို ထပ်ခါထပ်ခါပြုလုပ်ခြင်းအားဖြင့် လိုအပ်တဲ့စွမ်းအင်ကို ရရှိကြောင်း တွေ့ ရှိခဲ့ကြတယ်။ “အဲဒီလိုပျံသန်းနေတာက အလွန်ပဲသိမ်မွေ့ပါတယ်” လို့ သိပ္ပံပညာရှင်တွေ ပြောကြတယ်။ အဲဒါကြောင့် ပင်လယ်ဇင်ယော်ငှက်ကြီးဟာ တောင်ပံတစ်ချက်မှမခတ်ဘဲ နာရီနဲ့ချီ ပျံသန်းနိုင်ကြတာဖြစ်တယ်။

ဒီရှာဖွေတွေ့ ရှိမှုကြောင့် စွမ်းအင်အနည်းငယ်သာသုံးတဲ့ လေထဲပျံသန်းနိုင်တဲ့ယာဉ်တွေ၊ စက်မဲ့ယာဉ်တွေကိုတောင် ပုံစံထုတ်နိုင်ဖို့ အင်ဂျင်နီယာတွေကို အထောက်အကူပြုပါလိမ့်မယ်။

သင်ဘယ်လိုထင်ပါသလဲ။ ပင်လယ်ဇင်ယော်ငှက်ကြီးရဲ့ စွမ်းအင်ချွေတာသုံး ပျံသန်းမှုနဲ့ သူ့ရဲ့ထူးခြားတဲ့ ခန္ဓာတည်ဆောက်ပုံဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် စနစ်တကျ ပုံစံရေးဆွဲခံထားရတာလား။