မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

နမိဘ် ပိုးတောင်မာရဲ့ ရေစုသိမ်းနိုင်တဲ့ တောင်ပံအခွံ

နမိဘ် ပိုးတောင်မာရဲ့ ရေစုသိမ်းနိုင်တဲ့ တောင်ပံအခွံ

● ကမ္ဘာတစ်ဝန်းမှာ လူသန်းပေါင်း ၉၀၀ လောက်က သန့်ရှင်းတဲ့သောက်ရေ မရရှိကြဘူး။ ဒေသများစွာမှာ အမျိုးသမီးတွေနဲ့ ကလေးတွေက အဝေးကြီးလမ်းလျှောက်သွား၊ ရေထမ်းပြီး အဝေးကြီးပြန်လာကြရတယ်။ “ဆင်းရဲသားတွေက အခြေခံလိုအပ်ရာလေးတစ်ခုကို ရဖို့အတွက် တစ်နေ့တစ်နေ့ နာရီနဲ့ချီ လမ်းလျှောက်နေရတာ တကယ့်ကို ဆိုးရွားလွန်းတဲ့အဖြစ်အပျက်လို့ ကျွန်တော် ထင်တယ်” ဆိုပြီး မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်က အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ရှာရမ်း ချက်ထရီက ဆိုပါတယ်။ သူတို့ကို ကူညီပေးဖို့ ချက်ထရီ နဲ့ သူ့အလုပ်ဖော်တွေက မြူတွေကနေ ရေထုတ်ယူဖို့ တီထွင်ကြံဆနေကြပါတယ်။ ဒီအကြံဉာဏ်ကို နမိဘ်ပိုးတောင်မာကိုကြည့်ပြီး ရခဲ့တာဖြစ်တယ်။

သုံးသပ်ကြည့်ပါ– မြူတွေဟာ မနက်တိုင်း အာဖရိက နမိဘ်သဲကန္တာရကိုဖြတ်ပြီး တိုက်ခတ်ပါတယ်။ နမိဘ်ပိုးတောင်မာက ဒီအခွင့်အရေးကို အမိအရ အသုံးချတယ်။ ဒီအကောင်လေးက လေတိုက်ရာဘက်ကို ထောင့်မှန်အနေအထားနဲ့ မျက်နှာမူလိုက်တယ်။ * တောင်ပံအခွံတွေမှာ ရေကို ဖမ်းယူနိုင်တဲ့အဖုလေးတွေရှိပြီး အဲဒါတွေက ရေမှုန်လေးတွေကို စုယူတယ်။ တဖြည်းဖြည်းနဲ့ ရေမှုန်လေးတွေစုလာပြီး ရေစက်ဖြစ်လာတယ်။ အဲဒီအခါ ရေစက်က ရေမစုပ်တဲ့ပစ္စည်းဖြစ်တဲ့ ပိုးတောင်မာတောင်ပံအခွံတစ်လျှောက် စီးကျလာပြီး ပါးစပ်အထိ စီးသွားတယ်။

ချက်ထရီနဲ့ သူ့အဖော်တွေက အဲဒီအခြေခံသဘောတရားကိုအသုံးချပြီး သောက်ရေအတွက် လေထဲကရေကို ဖမ်းယူဖို့ ကြိုးစားနေကြတယ်။ လူတွေအတွက် ရေက နမိဘ်ပိုးတောင်မာထက် အများကြီးပိုလိုအပ်တယ်။ ဒါ့အပြင် ငွေကြေးအကုန်အကျကလည်း ကြီးမားတဲ့စိန်ခေါ်ချက်တစ်ခုပါပဲ။ လောလောဆယ်မှာတော့ လူတွေအတွက် မြူတွေကနေ ရေထုတ်ယူဖို့ကြိုးစားခြင်းဟာ “ဆောင်ရွက်နေဆဲ” အဆင့်မှာပဲ ရှိပါသေးတယ်လို့ ချက်ထရီကပြောတယ်။

သင် ဘယ်လိုထင်ပါသလဲ။ နမိဘ် ပိုးတောင်မာရဲ့ ရေစုသိမ်းနိုင်တဲ့ တောင်ပံအခွံဟာ သူ့အလိုလို ဖြစ်လာနိုင်မလား။ ဒါမှမဟုတ် စနစ်တကျ ပုံစံရေးဆွဲပြီး ပြုလုပ်ခံထားရတာလား။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 တခြားပိုးတောင်မာမျိုးစိတ်တွေလည်း ရေကို အလားတူနည်းနဲ့စုယူကြတယ်။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ရေမှုန်လေးတွေကနေ ရေစက်ဖြစ်လာပြီး ပိုးတောင်မာရဲ့ ပါးစပ်ဘက် စီးကျသွား

[Picture Credit Line on page 12]

Photo: Chris Mattison Photography/​photographersdirect.com