မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မုန်းတီးမှု သံသရာ​ကို ချေဖျက်​နိုင်​ပုံ

၄ | ဘုရားသခင့် အကူအညီ​နဲ့ အမုန်း​တရားကို အောင်နိုင်

၄ | ဘုရားသခင့် အကူအညီ​နဲ့ အမုန်း​တရားကို အောင်နိုင်

ကျမ်းစာ သွန်သင်ချက်–

“စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်​လာတဲ့ အရည်အသွေးတွေကတော့ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာ​ခြင်း၊ ကောင်းမြတ်​ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ ချုပ်တည်း​ခြင်း​တို့​ပါ​ပဲ။”ဂလာတိ ၅:၂၂၊ ၂၃

ဆိုလို​တာ​က–

ဘုရားသခင့် အကူအညီ​နဲ့ အမုန်း​သံသရာ​ကို ချေဖျက်​နိုင်​ပါတယ်။ ကိုယ့်​မှာ မရှိတဲ့ အရည်အသွေးတွေ ရှိ​လာအောင် သန့်ရှင်းသော​ စွမ်းအားတော်​က ကူညီ​ပေး​နိုင်တယ်။ ဒါကြောင့် အမုန်း​တရားကို ချေဖျက်​ဖို့ ကိုယ်တိုင် ကြိုးစား​မယ့်​အစား ဘုရား​ကို အားကိုး​တာ ပိုကောင်းတယ်။ ဘုရား​ကို အားကိုးမယ်​ဆိုရင် တမန်တော်​ ပေါလု​လို ခံစား​ရမယ်။ သူ ဒီလို​ရေးခဲ့တယ်– “ကျွန်တော့်​ကို အစွမ်း​ခွန်အား​ ပေး​တဲ့ ဘုရားသခင်​ကြောင့် အရာရာကို စွမ်းဆောင်​နိုင်​လို့​ပဲ။” (ဖိလိပ္ပိ ၄:၁၃) “ယေဟောဝါ​ဆီကနေ အကူအညီ ရပြီ” လို့​လည်း ပြော​နိုင်​ပါ​လိမ့်မယ်။—ဆာလံ ၁၂၁:၂

လုပ်ဆောင်​နိုင်တဲ့ အချက်–

“ကမ်းကုန်​အောင် ဆိုးသွမ်း​တဲ့ ကျွန်တော့်​ကို အေးချမ်း​တဲ့​သူ ​ဖြစ်အောင် ယေဟောဝါ​ဘုရား ပုံသွင်း​ပေး​ခဲ့​ပါ​တယ်။”—ဝါလ်ဒို

ယေဟောဝါ​ဆီ စိတ်ရင်းမှန်​နဲ့ သန့်ရှင်းသော စွမ်းအားတော် တောင်းခံ​ပါ။ (လုကာ ၁၁:၁၃) အရည်အသွေးကောင်း​တွေ မွေးမြူ​နိုင်အောင် ကူညီ​ပေး​ပါ​လို့ ဆုတောင်း​ပါ။ မုန်းတီးစိတ်ကို ဖယ်ရှား​နိုင်အောင် ကူညီ​ပေး​တဲ့ မေတ္တာ၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ချုပ်တည်း​ခြင်း စတဲ့ အရည်အသွေးတွေ​အကြောင်း ကျမ်းစာ​မှာ လေ့လာ​ပါ။ အဲဒီ​အရည်အသွေး​တွေကို မွေးမြူ​နိုင်တဲ့ နည်းလမ်းတွေကို ရှာပါ။ အဲဒီ အရည်အသွေးတွေကို မွေးမြူဖို့ ကြိုးစား​နေ​သူတွေနဲ့ ပေါင်းသင်း​ပါ။ သူတို့က “မေတ္တာ​စိတ်​ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်​စေဖို့” ကူညီ​ပေး​နိုင်တယ်။—ဟီဘရူး ၁၀:၂၄