မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၈၉

နားထောင်၊ နာခံ၊ ကောင်းချီးစံ

နားထောင်၊ နာခံ၊ ကောင်းချီးစံ

(လုကာ ၁၁:၂၈)

  1. ၁။ ခရစ်တော့်စကား နားထောင်ကြောင်း တင်ပြစို့လား။

    ကိုယ်တော့်သွန်သင်ချက် ထွန်းလင်း ညွှန်ပြပေး၊

    ကြားပြီး နားလည်တာက တို့ကို ပျော်ရွှင်စေ၊

    နားလည်လို့ နာခံမှ ကောင်းချီးရမှာ။

    (ထပ်ကျော့ပိုဒ်)

    နားထောင်၊ နာခံ၊ ကောင်းချီးစံ၊

    ဘုရားအလိုတော် ကြားရာ။

    ပျော်ရွှင်စွာ ငြိမ်ဝပ်ခြင်း ဝင်စားလိုက၊

    နားထောင်၊ နာခံ၊ ကောင်းချီးစံ။

  2. ၂။ အိမ်ပမာ တို့ဘဝလမ်း ကာကွယ်မှုပေး၊

    သဲပေါ်မဟုတ်၊ ကျောက်ပေါ်ဆောက်ထားခဲ့ရင်။

    ယေရှုရဲ့ မေတ္တာလမ်းညွှန်ကို လိုက်လျှောက်ရင်

    ကျောက်သားပေါ်တည်ဘဝ တို့တည်ဆောက်အံ့။

    (ထပ်ကျော့ပိုဒ်)

    နားထောင်၊ နာခံ၊ ကောင်းချီးစံ၊

    ဘုရားအလိုတော် ကြားရာ။

    ပျော်ရွှင်စွာ ငြိမ်ဝပ်ခြင်း ဝင်စားလိုက၊

    နားထောင်၊ နာခံ၊ ကောင်းချီးစံ။

  3. ၃။ မြစ်ချောင်းနား အမြစ်စွဲသော သစ်ပင်ပမာ၊

    ရာသီအလိုက် သီးပွင့်တဲ့နည်းအတိုင်း၊

    ဘုရားသားသမီးအလား နာခံပါက

    ကောင်းချီးနဲ့ ဆုံးမဲ့သက်တာ မွေ့လျော်ရ။

    (ထပ်ကျော့ပိုဒ်)

    နားထောင်၊ နာခံ၊ ကောင်းချီးစံ၊

    ဘုရားအလိုတော် ကြားရာ။

    ပျော်ရွှင်စွာ ငြိမ်ဝပ်ခြင်း ဝင်စားလိုက၊

    နားထောင်၊ နာခံ၊ ကောင်းချီးစံ။