မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၄၈

ယေဟောဝါနဲ့ နေ့စဉ် လျှောက်လှမ်းပါ

ယေဟောဝါနဲ့ နေ့စဉ် လျှောက်လှမ်းပါ

(မိက္ခာ ၆:၈)

  1. ၁။ ချစ်သောဖခင်နဲ့ လက်တွဲကာ

    နှိမ့်ချခြင်းဖြင့် တို့နေ့စဉ် လျှောက်မှာ။

    ဘုရား လမ်းတော် လိုက်ရှာသူများ

    မခံစားထိုက် ကျေးဇူးခံရမှာ။

    ဘုရားလက်ကို ကိုင်ဆွဲလျှောက်ဖို့

    တို့အတွက် ကိုယ်တော် စီစဉ်ထား။

    နှံအပ် တို့ကိုယ်ကို ဘုရားထံ

    ယေဟောဝါဘက် တို့ရပ်တည်မှာ။

  2. ၂။ ဒီစနစ်ဆိုး ပျက်လုချိန်ခါ

    စာတန့်ဒေါသ တောက်လောင်ပြင်းထန်လာ၊

    ရင်ဆိုင်ရ တို့ ဆန့်ကျင်မှုများ၊

    တုန်လှုပ်စိုးစိတ်ကြောင့် တို့လမ်းချော်နိုင်။

    ရှင်ယေဟောဝါ တို့အား ကွယ်ကာ။

    မြဲအစဉ် ဝတ်ပြုနိုင်ရေး၊

    လွန်နီးကပ်လိုပါ ကိုယ်တော့်နား။

    လမ်းမလွဲဘဲ သစ္စာရှိမှာ။

  3. ၃။ သန့်ရှင်းစွမ်းအားတော်၊ နှုတ်မြွက်တော်၊

    ကိုယ်တော့် ခရစ်ယာန် အသင်းတော်အားဖြင့်၊

    တို့ဆုတောင်းသံ နားညောင်းခြင်းဖြင့်

    ပြင်ဆင်ပေးထား ထောက်မမှုများပင်။

    ယေဟောဝါနဲ့ လျှောက်လှမ်းသောခါ၊

    နှိမ့်ချကျိုးနွံ၊ မှန်ရာ လုပ်၊

    ဘုရားကြင်နာမှု တုပကာ၊

    လျှောက်နိုင်ဖို့ ကိုယ်တော် ကူညီမှာ။

(က. ၅:၂၄။ ၆:၉။ ၁ ဘု. ၂:၃၊ ၄ တို့ကိုလည်း ကြည့်ပါ။)