မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၃၆

နှလုံးကို စောင့်ကြပ်စို့

နှလုံးကို စောင့်ကြပ်စို့

(ပညာအလိမ္မာ ၄:၂၃)

  1. ၁။ စောင့်ကြပ် နှလုံး၊ အသက်ရေးမို့၊

    အပြစ်လမ်း ရှောင်ရှားစို့။

    ဘုရားသခင် နှလုံးသား ကြည့်၊

    အတွင်းလူ တွေ့ရှိမှာ။

    တစ်ခါတလေ ဇွတ်တရွတ်နိုင်

    နှလုံးမိုက် သွေဖည်သွား။

    ဉာဏ်ဖြင့် နှလုံးကို ထိန်းကျောင်းကာ

    ယေဟောဝါ လမ်းတော် လိုက်။

  2. ၂။ ပြင်ဆင်နှလုံး ဘုရား ဖွေရှာ

    ထက်သန်စွာ ဆုတောင်းကြ။

    ကျေးဇူးတော်ကို စဉ်ချီးမွမ်းရင်း

    ပူပင်သောက ဖွင့်ပြ။

    အရှင်ယေဟောဝါ သွန်သင်ရာ၊

    အမြဲ တို့လိုက်လျှောက်အပ်။

    သစ္စာနှလုံး ပြုစုပျိုးထောင်၊

    နေ့စဉ် စိတ်တော် တွေ့စေ။

  3. ၃။ မှန်ရာ စဉ်းစား၊ နှလုံး ကွယ်ကာ

    မှောက်မှား တွေးခေါ်များမှ။

    တရားစကား နှလုံးရောက်စေ၊

    ခွန်အားသစ် တိုးပွားစေ။

    သစ္စာရှိသူ ယေဟောဝါ ချစ်၊

    တို့ကြွင်းမဲ့ ယုံကြည်နိုင်။

    နှလုံး ကြွင်းမဲ့ ဝတ်ပြုကိုးကွယ်

    ထာဝရ မိတ်ဆွေ ဖြစ်။

(ဆာ. ၃၄:၁။ ဖိ. ၄:၈။ ၁ ပေ. ၃:၄ တို့ကိုလည်း ကြည့်ပါ။)