မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၂၈

ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်ခြင်း

ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်ခြင်း

(ဆာလံ ၁၅)

  1. ၁။ ဘုရားမိတ်ဆွေ ဘယ်သူ၊

    တဲတော်ထဲ နေမယ့်သူ၊

    ဘုရား စိတ်ချစွာ မိတ်ဖွဲ့သောသူ၊

    သိကျွမ်းသူ ဘယ်သူလဲ။

    နှုတ်တော်ထွက် ခံယူသူ၊

    ကိုယ်တော်အား ယုံသောသူ၊

    သစ္စာစောင့်သိသူ၊ တရားမျှတသူ၊

    အမှန်တရား ကျင့်သူ။

  2. ၂။ ဘုရားမိတ်ဆွေ ဘယ်သူ၊

    ထံတော် ချဉ်းကပ်မယ့်သူ၊

    ဘုရား စိတ်တော် ရွှင်လန်းစေမယ့်သူ၊

    ထိုသူအား ကိုယ်တော် သိ။

    နာမတော် ချီးမြှောက်သူ၊

    စကားတော် နာခံသူ၊

    သစ္စာရှိ၊ ရိုးသား၊ အမှန်ပြောသူ၊

    အားလုံး ကိုယ်တော့် မိတ်ဆွေ။

  3. ၃။ သောကများ ပုံအပ်လို့၊

    နှလုံးဖွင့် ဆုတောင်းစို့။

    အပါးတော်နား ဆွဲဆောင်၊ မေတ္တာ ဖွဲ့နှောင်၊

    နေ့စဉ် စောင့်ရှောက်ကာကွယ်၊

    ဘုရားနဲ့ ထာဝစဉ်

    မိတ်ဆွေ ဖြစ်လိုလှပေ။

    ဘုရားထက် ကြီးမြတ် မိတ်ဆွေမရှိ၊

    ကိုယ်တော် အကောင်းမြတ်ဆုံးပါ။

(ဆာ. ၁၃၉:၁။ ၁ ပေ. ၅:၆၊ ၇ တို့ကိုလည်း ကြည့်ပါ။)