မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၂၆

ငါ့ကို သင်တို့ ကူညီပေးနေတာ

ငါ့ကို သင်တို့ ကူညီပေးနေတာ

(မဿဲ ၂၅:၃၄-၄၀)

  1. ၁။ ခရစ်တော်သတို့သမီး၊ ဘိသိက်ခံညီတို့နဲ့

    ခရစ်တော်ရဲ့ အခြားသိုး တွဲအမှုဆောင်နေ။

    သူတို့ကို ကူညီဖို့

    အခြားသိုး လုပ်သမျှ၊

    ပြန်ကျေးဇူးဆပ်ပေးရမယ် ယေရှု မှတ်ယူ။

    (ထပ်ကျော့ပိုဒ်)

    “သူတို့အား နှစ်သိမ့်ပေး၊ ဝေမျှပေးတာက၊

    သင်တို့ ငါ့အား နှစ်သိမ့်ဝေမျှပေးတာပါ။

    သူတို့အတွက် လုပ်ပေးတာ ငါ့အတွက် လုပ်တာဖြစ်။

    သူတို့ကို ကူညီ ဝေမျှပေးတာက၊

    သင်တို့ ငါ့အား ကူညီ ဝေမျှပေးတာပါ။”

  2. ၂။ “ဗိုက်ဆာငတ်မွတ်ချိန်မှာ မင်းတို့ ငါ့ကို မစ။

    ငါလိုအပ်တိုင်း အရင်ဆုံး မင်းတို့ ရောက်လာမြဲ။”

    “ဘယ်တုန်းက လုပ်ပေးဖူးလဲ”

    သူတို့ မေးကြတော့။

    အကြောင်းရင်းကို မင်းကြီး ခုလို ပြန်ပြောမှာ–

    (ထပ်ကျော့ပိုဒ်)

    “သူတို့အား နှစ်သိမ့်ပေး၊ ဝေမျှပေးတာက၊

    သင်တို့ ငါ့အား နှစ်သိမ့်ဝေမျှပေးတာပါ။

    သူတို့အတွက် လုပ်ပေးတာ ငါ့အတွက် လုပ်တာဖြစ်။

    သူတို့ကို ကူညီ ဝေမျှပေးတာက၊

    သင်တို့ ငါ့အား ကူညီ ဝေမျှပေးတာပါ။”

  3. ၃။ “ငါ့ညီတို့နဲ့ လက်တွဲ၊ ဟောပြော ကောင်းမှုပြုရင်း၊

    ငါ့ပေါ် သစ္စာစောင့်ကြောင်း မင်းတို့ ပြနေကြ။”

    ဒါကြောင့် လက်ယာဘက်က

    သိုးတို့ကို မင်းကြီးပြော–

    “မြေကြီးနဲ့ အသက်ကို လာအမွေခံကြ။”

    (ထပ်ကျော့ပိုဒ်)

    “သူတို့အား နှစ်သိမ့်ပေး၊ ဝေမျှပေးတာက၊

    သင်တို့ ငါ့အား နှစ်သိမ့်ဝေမျှပေးတာပါ။

    သူတို့အတွက် လုပ်ပေးတာ ငါ့အတွက် လုပ်တာဖြစ်။

    သူတို့ကို ကူညီ ဝေမျှပေးတာက၊

    သင်တို့ ငါ့အား ကူညီ ဝေမျှပေးတာပါ။”

(ပညာ. ၁၉:၁၇။ မ. ၁၀:၄၀-၄၂။ ၂ တိ. ၁:၁၆၊ ၁၇ တို့ကိုလည်း ကြည့်ပါ။)