မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ယူလေ အမှားကနေ

သင်ယူလေ အမှားကနေ

ကူးယူပါ–

  1. ၁။ လူတွေ စုံတဲ့ ကမ္ဘာကြီးမှာ

    တစ်ခါမှ မမှားသူ၊

    စုံလင် ပြစ်ကင်းသူ

    ဘယ်ခါမှ တွေ့ဖို့ မဖြစ်နိုင်ပါ

    အခု ကိုယ်တိုင် မှားတော့

    ထိုင်ကာ တွေဝေမနေပါနဲ့

    အတွေ့အကြုံအဖြစ် မှတ်သားလိုက်ပါ

    ဘုရား ကူမမှု ရယူခံစားပါ

    (ထပ်ကျော့ပိုဒ်)

    ဘယ်လောက်ပဲ ခွေယိုင်လဲ

    ငါလေ ပြန်ရပ်တည်မယ်

    ဒီလိုထပ် မယိုင်စေဖို့

    သင်ယူ သင်ခန်းစာပဲ

    ဘုရားလက် ကိုင်ဆွဲမယ်

    ထူမတ်ပေးလို့ ပြန်ထမယ်

    အရင်ကထက် ကြံ့ခိုင်အောင်

    ကိုယ်တော် လက်တွဲဖေးမမယ်

    သင်ယူလေ အမှားကနေ

  2. ၂။ ဒီလိုနဲ့ ကုန်ဆုံး နေ့တွေ

    အရင်လို ပြန်ဖြစ်လိုက်ချင်

     အချိန် နောက်ပြန် မရွေ့တော့

    နောင်တတို့ ပိုက်ကာရယ်

    ငါလေ ပြန်ကြိုးစားမယ်

    ယေဟောဝါ ကူညီပေးမယ်

    မြတ်ကျမ်းစာ လမ်းညွှန်ပေးမယ်

    ငါတွေးမိတိုင်းလေ မျက်ရည်လည်မိတယ်

    (ထပ်ကျော့ပိုဒ်)

    ဘယ်လောက်ပဲ ခွေယိုင်လဲ

    ငါလေ ပြန်ရပ်တည်မယ်

    ဒီလိုထပ် မယိုင်စေဖို့

    သင်ယူ သင်ခန်းစာပဲ

    ဘုရားလက် ကိုင်ဆွဲမယ်

    ထူမတ်ပေးလို့ ပြန်ထမယ်

    အရင်ကထက် ကြံ့ခိုင်အောင်

    ကိုယ်တော် လက်တွဲဖေးမမယ်

    (ဆက်ဆိုရန်)

    ရှင်ယေဟောဝါ မေတ္တာ ကြီးမြတ်

    ငါတို့ စိတ်နှလုံးထက် ကြီးမြတ်

    မြဲယုံကြည်စွဲမှတ် ရှေ့ဆက်ရင်း

    ဒီဘဝလမ်း

    သင်ယူလိုက်လေ

    (ထပ်ကျော့ပိုဒ်)

    ဘယ်လောက်ပဲ ခွေယိုင်လဲ

    ငါလေ ပြန်ရပ်တည်မယ်

    ဒီလိုထပ် မယိုင်စေဖို့

    သင်ယူ သင်ခန်းစာပဲ

    ဘုရားလက် ကိုင်ဆွဲမယ်

    ထူမတ်ပေးလို့ ပြန်ထမယ်

    အရင်ကထက် ကြံ့ခိုင်အောင်

    ကိုယ်တော် လက်တွဲဖေးမမယ်

    သင်ယူလေ အမှားကနေ

    သင်ယူစို့ တစ်သက်စာအဖို့