သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ

ဒီကျမ်းစာလေ့လာမှုကိရိယာက လူတွေ ဘာကြောင့်ဒုက္ခခံစားနေရတာလဲ၊ လူသေပြီးနောက် ဘာဖြစ်သွားမလဲ၊ ပျော်ရွှင်တဲ့မိသားစုဘ၀ ဘယ်လိုရနိုင်မလဲ ဆိုတဲ့အကြောင်းတွေအပြင် တခြားအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ကျမ်းစာပြောဆိုရာကိုသိနိုင်ဖို့ ကူညီပေးတယ်။

လူ့ဘဝက ဒီလိုပဲဖြစ်သင့်သလား

ဒီနေ့အချိန်မှာ အခက်အခဲတွေ ဘာကြောင့် ဒီလောက်များနေရတာလဲဆိုပြီး သင်စဉ်းစားမိမှာပဲ။ တကယ့်အပြောင်းအလဲကြီး ဖြစ်တော့မယ်လို့ ကျမ်းစာမှာပြောထားပြီး သင်လည်း အကျိုးခံစားနိုင်တယ်ဆိုတာ သိပါသလား

အခန်း ၁

ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားက ဘာလဲ

ဘုရားသခင်က သင့်ကို ဂရုစိုက်တယ်လို့ ထင်သလား။ ကိုယ်တော့်အရည်အသွေးတွေအပြင် ကိုယ်တော်နဲ့ရင်းနှီးအောင် ဘာလုပ်နိုင်သလဲဆိုတာ လေ့လာကြည့်ပါ။

အခန်း ၂

သမ္မာကျမ်းစာ—ဘုရားသခင်ထံက စာအုပ်တစ်အုပ်

ကိုယ်ရေးကိုယ်တာပြဿနာတွေ ဖြေရှင်းရာမှာ ကျမ်းစာက သင့်ကို ဘယ်လိုကူညီပေးနိုင်သလဲ။ ကျမ်းစာမှာပါတဲ့ ကြိုတင်ဟောကြားချက်တွေကို ဘာကြောင့်ယုံကြည်စိတ်ချနိုင်သလဲ။

အခန်း ၃

ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်က ဘာလဲ

ကမ္ဘာ့ပရဒိသုနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက် တကယ်ဖြစ်လာမှာလား။ ဖြစ်လာမယ်ဆိုရင် ဘယ်တော့လဲ။

အခန်း ၄

ယေရှုခရစ်က ဘယ်သူလဲ

ယေရှုဟာ ဘာကြောင့် ပေါ်ထွန်းလာမယ့်မေရှိယဖြစ်သလဲ၊ သူ ဘယ်နေရာက လာသလဲ၊ သူက ဘာကြောင့် ယေဟောဝါရဲ့တစ်ပါးတည်းသောသားတော် ဖြစ်သလဲဆိုတာ လေ့လာကြည့်ပါ။

အခန်း ၅

ရွေးနုတ်ဖိုး—ဘုရားသခင်ပေးတဲ့ အကြီးမြတ်ဆုံးဆုကျေးဇူး

ရွေးနုတ်ဖိုးဆိုတာ ဘာလဲ။ ရွေးနုတ်ဖိုးကနေ သင်ဘယ်လိုအကျိုးခံစားရနိုင်သလဲ

အခန်း ၆

သေဆုံးသွားတဲ့သူတွေ ဘယ်နေရာမှာ ရှိနေကြသလဲ

လူသေတွေ ဘယ်နေရာမှာရှိတယ်၊ လူတွေဘာကြောင့်သေရတယ် ဆိုတဲ့အကြောင်း ကျမ်းစာပြောဆိုရာကို လေ့လာကြည့်ပါ။

အခန်း ၇

သေဆုံးသွားတဲ့ သင်ချစ်မြတ်နိုးရသူတွေအတွက် စစ်မှန်တဲ့မျှော်လင့်ချက်

သင်ချစ်မြတ်နိုးသူတစ်ယောက် ဆုံးပါးသွားတာ ကြုံဖူးသလား။ သူတို့ကို ပြန်တွေ့နိုင်မလား။ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကျမ်းစာသွန်သင်ရာကို လေ့လာကြည့်ပါ။

အခန်း ၈

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

လူအတော်များများက ယေရှုသင်ပေးခဲ့တဲ့ နမူနာဆုတောင်းချက်ကို သိကြတယ်။ “နိုင်ငံတော်လာပါစေ” ဆိုတဲ့ စကားစုရဲ့အဓိပ္ပာယ်ကဘလဲ။

အခန်း ၉

“နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြပါသလား

ကျမ်းစာမှာကြိုပြောထားတဲ့အတိုင်း “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်တော်တို့အသက်ရှင်နေကြောင်းကို ပတ်ဝန်းကျင်မှာတွေ့ရတဲ့ အဖြစ်အပျက်တွေနဲ့ သဘောထားတွေက ဘယ်လိုသက်သေထူသလဲဆိုတာ လေ့လာကြည့်ပါ။

အခန်း ၁၀

ဝိညာဉ်သတ္တဝါတွေ—ကျွန်ုပ်တို့အပေါ် အကျိုးသက်ရောက်ပုံ

ကောင်းကင်တမန်တွေနဲ့နတ်ဆိုးတွေအကြောင်း ကျမ်းစာမှာပြောထားတယ်။ အဲဒီဝိညာဉ်သတ္တဝါတွေ တကယ်ရှိသလား။ သူတို့က သင့်ဘဝအသက်တာအပေါ် အကျိုးသက်ရောက်နိုင်သလား။

အခန်း ၁၁

ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုထားတာလဲ

လူအများက ကမ္ဘာပေါ်မှာရှိတဲ့ ဆင်းရဲဒုက္ခအားလုံးအတွက် ဘုရားသခင်ကို အပြစ်တင်ကြတယ်။ သင်ကော ဘယ်လိုထင်သလဲ။ ဆင်းရဲဒုက္ခတွေဖြစ်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဘုရားသခင် ဘာပြောထားတယ်ဆိုတာ လေ့လာကြည့်ပါ။

အခန်း ၁၂

ဘုရားသခင်နှစ်သက်တဲ့ နည်းလမ်းအတိုင်း အသက်ရှင်နေထိုင်ပါ

ဘုရားသခင်နှစ်သက်တဲ့ နည်းလမ်းအတိုင်း အသက်ရှင်နေထိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ သင်ဟာ ဘုရားသခင့်မိတ်ဆွေ ဖြစ်လာနိုင်တယ်။

အခန်း ၁၃

အသက်နဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်

ကိုယ်ဝန်ဖျက်ချခြင်း၊ သွေးသွင်းခြင်းနဲ့ တိရစ္ဆာန်အသက်ကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ။

အခန်း ၁၄

သင့်မိသားစုဘဝကို ပျော်ရွှင်စေနိုင်ပုံ

ယေရှုပြခဲ့တဲ့မေတ္တာဟာ လင်ယောက်ျား၊ ဇနီး၊ မိဘနဲ့ သားသမီးတွေ တုပနိုင်တဲ့ ပုံသက်သေဖြစ်တယ်။ ယေရှုဆီကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။

အခန်း  ၁၅

ဘုရားသခင်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေး

စစ်မှန်တဲ့ဘာသာရဲ့ ဘာသာဝင်တွေကို ခွဲခြားသိမြင်နိုင်တဲ့ အချက်ခြောက်ချက်ကို သုံးသပ်ကြည့်ပါ။

အခန်း ၁၆

စစ်မှန်တဲ့ဝတ်ပြုရေးဘက် ရပ်တည်ပါ

တခြားသူတွေကို သင့်ယုံကြည်ချက်အကြောင်း ပြောပြတဲ့အခါ ဘယ်လိုအခက်အခဲတွေ ကြုံရနိုင်သလဲ။ သူတို့ကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ ဘယ်လိုပြောပြနိုင်သလဲ။

အခန်း ၁၇

ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ

သင်ဆုတောင်းတဲ့အခါ ဘုရားသခင်နားထောင်သလား။ အဖြေရနိုင်ဖို့ ဆုတောင်းခြင်းအကြောင်း ကျမ်းစာသွန်သင်ရာကို နားလည်ဖို့လိုတယ်။

အခန်း ၁၈

နှစ်ခြင်းခံခြင်းနဲ့ ဘုရားသခင်နဲ့သင့်ဆက်ဆံရေး

နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီအောင် ဘယ်အရာတွေကို လုပ်ဆောင်ရမလဲ။ နှစ်ခြင်းက ဘာကိုဆိုလိုတယ်၊ ရေနှစ်ခြင်းကို ဘယ်လိုပေးရတယ်ဆိုတာ လေ့လာကြည့်ပါ။

အခန်း ၁၉

ဘုရားသခင့်မေတ္တာတော်မှာ တည်နေကြပါ

ဘုရားသခင်လုပ်ပေးခဲ့သမျှအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း၊ ဘုရားသခင်ကိုချစ်ကြောင်း ဘယ်လိုပြသနိုင်သလဲ

နောက်ဆက်တွဲ

ဘုရားသခင့်နာမတော်—ယင်းကိုအသုံးပြုခြင်းနဲ့ အဓိပ္ပာယ်

ကျမ်းစာဘာသာပြန်ကျမ်းများစွာက ဘုရားသခင့်နာမည်ကို ထုတ်ပစ်ခဲ့ကြတယ်။ ဘာကြောင့်လဲ။ ဘုရားသခင့်နာမည်ကို အသုံးပြုဖို့ အရေးကြီးသလား။

နောက်ဆက်တွဲ

ဒံယေလရဲ့ကြိုတင်ဟောကြားချက်မှာ မေရှိယပေါ်ထွန်းခြင်းအကြောင်း ကြိုဟောထားပုံ

ဘုရားသခင်က မေရှိယပေါ်ထွန်းလာမယ့် အချိန်အတိအကျကို နှစ်ပေါင်း ၅၀၀ ကျော် ကြိုတင်ဖော်ပြခဲ့တယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီပရောဖက်ပြုချက်အကြောင်း လေ့လာကြည့်ပါ။

နောက်ဆက်တွဲ

ယေရှုခရစ်—ကျမ်းစာမှာကြိုဟောထားတဲ့မေရှိယ

မေရှိယနဲ့ပတ်သက်တဲ့ ကျမ်းစာပရောဖက်ပြုချက်အားလုံးဟာ ယေရှုမှာ ပြည့်စုံခဲ့တယ်။ အဲဒီပရောဖက်ပြုချက်တွေ တစ်ခုမကျန် အသေးစိတ်ပြည့်စုံခဲ့တာကို သင့်ကျမ်းစာမှာ စစ်ဆေးကြည့်ပါ။

နောက်ဆက်တွဲ

ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပတ်သက်တဲ့ အမှန်တရား

သုံးပါးတစ်ဆူအယူဝါဒဟာ ကျမ်းစာသွန်သင်ချက်ဖြစ်တယ်လို့ လူများစွာယုံကြည်ကြတယ်။ အဲဒါမှန်ကန်သလား။

နောက်ဆက်တွဲ

ခရစ်ယာန်စစ်တွေ ဝတ်ပြုရေးမှာ လက်ဝါးကားတိုင် မသုံးတဲ့အကြောင်းရင်း

ယေရှုက တကယ်ပဲ လက်ဝါးကားတိုင်ပေါ်မှာ သေဆုံးခဲ့တာလား။ အဖြေကို သမ္မာကျမ်းစာထဲမှာ ဖတ်ကြည့်ပါ။

နောက်ဆက်တွဲ

သခင့်ညစာစားပွဲ—ဘုရားသခင်ကို ဂုဏ်တင်တဲ့ပွဲ

ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲကို ကျင်းပဖို့ ခရစ်ယာန်တွေကို မိန့်မှာထားတယ်။ အဲဒီပွဲကို ဘယ်အချိန်မှာ ဘယ်လိုကျင်းပရမလဲ။

နောက်ဆက်တွဲ

လူမှာ တကယ်ပဲ မသေနိုင်တဲ့ဝိညာဉ် ရှိသလား

လူသေတဲ့အခါ ခန္ဓာကိုယ်ထဲကနေ ဝိညာဉ်ထွက်သွားပြီး တစ်နေရာရာမှာ ဆက်အသက်ရှင်တယ်လို့ လူများစွာယုံကြည်ကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘုရားသခင့်စကားတော်က ဘာပြောထားသလဲ။

နောက်ဆက်တွဲ

ရှီးအိုးလ်နဲ့ ဟေးဒီးစ်ဆိုတာ ဘာလဲ

ဘာသာပြန်ကျမ်းတချို့က ရှီးအိုးလ်နဲ့ဟေးဒီးစ်ကို “သင်္ချိုင်း” ဒါမှမဟုတ် “ငရဲ” လို့ပြန်ဆိုကြတယ်။ ရှီးအိုးလ်နဲ့ဟေးဒီးစ်ရဲ့ အဓိပ္ပာယ်အမှန်က ဘာလဲ။

နောက်ဆက်တွဲ

တရားစီရင်ရာနေ့ဆိုတာ ဘာလဲ

သစ္စာရှိလူသားအားလုံးအတွက် တရားစီရင်ရာနေ့က ဘယ်လိုနည်းနဲ့ ကောင်းချီးတစ်ခုဖြစ်လာမလဲဆိုတာ လေ့လာကြည့်ပါ။

နောက်ဆက်တွဲ

၁၉၁၄ ခုနှစ်—ကျမ်းစာကြိုတင်ဟောကြားချက်မှာ ထူးခြားတဲ့နှစ်တစ်နှစ်

၁၉၁၄ ခုနှစ်ဟာ ထူးခြားတဲ့နှစ်ဖြစ်ကြောင်း ဘယ်ကျမ်းစာအထောက်အထားက ဖော်ပြသလဲ

နောက်ဆက်တွဲ

ကောင်းကင်တမန်မင်း မိက္ခလေက ဘယ်သူလဲ

တန်ခိုးကြီးတဲ့ ဒီကောင်းကင်တမန်မင်း ဘယ်သူလဲဆိုတာကို ကျမ်းစာမှာပြောပြထားတယ်။ သူ့အကြောင်းနဲ့ အခု သူဘာလုပ်နေတယ်ဆိုတဲ့အကြောင်း လေ့လာကြည့်ပါ။

နောက်ဆက်တွဲ

“မဟာဗာဗုလုန်” ကို ခွဲခြားသတ်မှတ်ခြင်း

ဗျာဒိတ်ကျမ်းထဲမှာ မဟာဗာဗုလုန်လို့ခေါ်တဲ့ အမျိုးသမီးအကြောင်း ဖော်ပြထားတယ်။ သူက တကယ့်အမျိုးသမီးတစ်ယောက်လား။ သူနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာပြောထားသလဲ။

နောက်ဆက်တွဲ

ယေရှုကို ဒီဇင်ဘာလမှာ မွေးဖွားခဲ့သလား

ယေရှုမွေးတဲ့အချိန်မှာ ရာသီဥတုအခြေအနေ ဘယ်လိုရှိတယ်ဆိုတာ လေ့လာကြည့်ပါ။ အဲဒီကနေ ကျွန်တော်တို့ ဘာသိရသလဲ။

နောက်ဆက်တွဲ

ပွဲနေ့များကို ကျင်းပသင့်သလား

သင်နေထိုင်တဲ့ဒေသမှာ ရေပန်းစားတဲ့ ပွဲနေ့များစွာဟာ ဘယ်ကနေမြစ်ဖျားခံသလဲ။ အဖြေကိုသိရင် သင်အံ့သြသွားနိုင်တယ်။